မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် သားယောကျာ်းလေးသုံးမြွှာပူးကို သားဖွားမီးယပ်အထူးကုဆေးရုံကြီးများမှ အောင်မြင်စွာခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၃၀ ရက် နေ့တွင် ခွဲစိတ်မွေးဖွားရာ အမြွှာပူးကလေးငယ်များမှာ ယောင်္ကျားလေးများဖြစ်ကြောင်း၊ ကလေးငယ်များကို အထူးကြပ်မတ်ကုသဆောင်တွင်ထားရှိပြီး ကလေးအထူးကုဆရာဝန်ကြီးများမှ ပြုစုစောင့်ရှောက်မှုများဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကလေးများကို မွေးဖွားသည့် မိခင်မှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ မော်လမြိုင်မြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လပိုင်းကလည်း မော်လမြိုင်ကလေးဆေးရုံတွင် ယောကျာ်းလေးသုံးမြွှာပူးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
CRD//people media
