အကြမ်းဖက်လက်နက်ကိုင်/ PDF များမှ မိုင်းထောင်ဖောက်ခွဲမှုသတင်းများ

-စက်တင်ဘာ ၂၇ ရက် ၁၁၁၅ နာရီတွင် မင်းကင်းမြို့၊ အမှတ်(၂)ရပ်ကွက် ဘိုဘွားရိပ်သာ(နှစ်ထပ်ဆောင်)၏ အရှေ့တောင်ဘက် မီတာ ၂၂၅၀ ခန့်အကွာမှ PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်/အင်အား (စိစစ်ဆဲ)သည် ၁၀၇ မမရှော့တိုက်ဗုံးသီး ၁ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘိုးဘွားရိပ်သာ၏ အနောက်ဘက်ရှိ မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘိုးဘွားရိပ်သာအတွင်းရှိ နှစ်ထပ်ဆောင် ပြတင်းပေါက်မှန်များ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရ။

-စက်တင်ဘာ ၂၇ ရက် ၁၀၀၅ နာရီတွင် ဆားလင်းကြီးမြို့နယ်၊ စပယ်တောင်-ကြေးစင်တောင် ကြေးနီစီမံကိန်းအား PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ်ရှော့တိုက်ဗုံးသီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ဗုံးသီးများမှာ စီမံကိန်းဧရိယာဝန်းအတွင်းရှိ မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရ။

-စက်တင်ဘာလ ၂၇ ရက် ၀၇၅၀ နာရီတွင် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ဒုံဝန်းဘူတာအနီး မော်လမြိုင်-ရန်ကုန် မီးရထားလမ်း မိုင်တိုင်အမှတ်၊၁၂၁/၂၀ နှင့်၁၂၁/၂၁ အကြား၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ရာ ရထားသံလမ်း ၃ ပေခန့် တစ်နေရာနှင့် ၂ ပေခန့် ပြတ်တောက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ ကြောင်းနှင့် ၁၀၂၀ နာရီတွင် မြန်မာ့မီးရထားဌာန လက်ထောက်အင်ဂျင်နီယာအဖွဲ့ဖြင့် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ၁၁၂၅ နာရီတွင် ရထားလမ်းအား ပြင်ဆင်မှုပြီးစီးခဲ့ပြီး ရထားလမ်းများ ပုံမှန် သွားလာလျက်ရှိကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *