အောင်ပွဲနှင့်အတူပြန်လာနိုင်တဲ့ တပ်မတော်သားများဖြစ်ကြပါစေ

ဒီပုံတွေ့တော့ အတွေးတစ်ခုဖြစ်စေတယ်။ ပုံမှာပါတဲ့ စစ်သည်တွေဟာ နှစ်ပေါက် ရန်သူရဲ့ပိတ်ဆို့တိုက်ခိုက်မှု
ကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံရင်ဆိုင်ကာ ရန်သူကို အနိုင်တိုက် မိမိနယ်မြေကို ပြန်ယူပြီး မိခင်တပ်ရင်းနောက်တန်းကို အောင်ပွဲနဲ့အတူ ကြွားကြွားဝံ့ဝံ့ပြန်နိုင်ခဲ့ပြီ။

(ကွပ်ကဲမှုအလိုက် အကြီးအကဲများကိုယ်တိုင် ချက်ချင်းလာရောက်ဂုဏ်ပြုသွားပါတယ်)

သူတို့မိသားစုတွေကလဲ အပြုံးကိုယ်စီ၊ အောင်သပြေခက်နဲ့ ကြိုနိုင်ခဲ့တယ်။ သားသမီးတွေကိုလဲ တိုက်ပွဲအကြောင်းတွေ ပြန်ပြောနေကြလို့ဂုဏ်ယူစရာတစ်ရပ်ပါပဲ။

စစ်သည်တွေကလဲ နောက်စစ်ဆင်ရေးအတွက် စိတ်အားတက်ကြွနေကြတယ်။

တစ်ဖက်မှာတော့ ရန်သူ့ဆိုက်ဝါးထဲမှာ ပျော်ဝင်ပြီး ရန်သူဆီမှာ အညံ့ခံလိုက်တဲ့စစ်သည်တစ်ချို့အကြောင်းတွေးမိတော့လဲ စိတ်မကောင်းစရာပဲ။ ဘာလို့ဆို သူတို့က ဒီလိုပျော်စရာအောင်ပွဲကို မရနိုင်ရှာတော့ဘူး။ ရန်သူရဲ့လက်ခုပ်ထဲကရေဘဝနဲ့သုံ့ပန်းဖြစ်ပြီး နေနေရတယ်။

တိုက်ပွဲတွေမှာ လက်နက်ချသွားတဲ့ စစ်သည်တွေအနေနဲ့ ရန်သူကခင်ဗျားတို့ကို ဖုန်းပေးသုံးတဲ့အခါ ဒီ Post ကို မြင်ရင် အသိတစ်ခုရမှာပါ။

ခင်ဗျားတို့သိထားရမှာက ခင်ဗျားတို့အနာဂါတ်က ရန်သူဆီမှာ မရှိဘူးဆိုတာ။ တကယ့်ခင်ဗျားတို့ရဲ့အနာဂါတ်က နိုင်ငံတော်နဲ့ တပ်မတော်ရဲ့တည်တံ့မှုအပေါ်မှာပဲ ရှိတယ် ။

အခုတိုက်ပွဲဝင်နေတဲ့ စစ်သည်တွေကိုလဲ နိုင်ငံသားတစ်ယောက်အနေနဲ့ ပြောချင်တာက ပင်ပန်းခက်ခဲမှုတွေကို စာနာနားလည်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က စစ်သားတွေဆိုတာ မမေ့နဲ့။ စစ်သားဆိုတာ ဘာမဆို ဖြတ်ကျော်နိုင်စွမ်းရှိအောင် လေ့
ကျင့်ပေးထားတဲ့သူတွေ။ ခင်ဗျားတို့လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ယုံတယ်။

နောက်တန်းကို အောင်ပွဲနဲ့အတူပြန်လာနိုင်ဖို့ သူပုန်တွေကို နိုင်အောင်သာ တိုက်ပါ။ သပြေပန်းနဲ့ ကြိုမဲ့သူတွေ မျှော်နေပါတယ်ဗျ။

သူပုန်ကို အားပေးနေတာ ပြည်ဖျက်တွေပါ သိစေချင်တယ်။ နိုင်ငံကိုချစ်သော ပြည်သူတွေဟာ တပ်မတော်သားတွေရဲ့ဘက်မှာ အမြဲရှိနေတယ်ဆိုတာ သိစေချင်လို့ ဒီစာကိုရေးလိုက်ပါတယ်။

crd***MPA

Leave a Reply

Your email address will not be published. Required fields are marked *