စက်တင်ဘာ ၂၀ ရက်နေ့ တိုက်ပွဲသတင်းများ

(ခေါင်လန်ဖူး)ခေါင်လန်ဖူးမြို့နယ်၊ လာဟီစင်တောင်ကြောပေါ်ရှိ အကြမ်းဖက် KIA စခန်းကုန်းများအား နယ်မြေရှင်းစစ်ကြောင်းများက တစ်ကုန်းပြီး တစ်ကုန်း တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး ရန်သူ့ကာကင်းကုန်း ၉ ကုန်း၊ ပင်မစခန်းကုန်း ၂ ကုန်းတို့အား ယနေ့အချိန်ထိ သိမ်းပိုက်ပြီးဖြစ်သလို KIA ၅ လောင်း၊ လက်နက်မျိုးစုံ ၃ လက်၊ ဗုံးသီး ၄၁ လုံး၊ ကျည်မျိုးစုံ ၂၁၀၀ ခန့် တို့အား သိမ်းပိုက်ရရှိခဲ့သည်။ (နယ်မြေဆက်ရှင်းဆဲဖြစ်)

-(ဗန်းမော်)ဗန်းမော်မြို့နယ်၊ ဆင်ခြေဖုန်းရပ်ကွက်များအတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းနှင့် KIA အဖွဲ့တို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ရန်သူမှာ အလောင်းများ ဆွဲ၍ ထွက်ပြေးသွားခဲ့ရာ ရန်သူအခြေပြုနေရာများအား ရှင်းလင်းနိုင်ခဲ့ပြီး KIA အလောင်း ၁ လောင်း၊ M-22 သေနတ် ၂ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၇၀၀ ခန့်၊ လက်ပစ်ဗုံး ၁၁ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။

-(ကျောက်မဲ)ကျောက်မဲဒေသအတွင်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA ၁၅ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ TNLA အလောင်း ၃ လောင်း၊ Type-81 သေနတ် ၃ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းပိုက်ရရှိ ခဲ့သည်။

-(ကျုံဒိုး)ကျုံဒိုးဒေသရှိ ရန်သူအခြေပြုထားသည့် အေးငြိမ်းရန်အောင်ဘုရားကုန်းအား စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူ့နေရာအား သိမ်းပိုက်ရရှိကာ အကြမ်းဖက် KNU/PDF ၁ လောင်း၊ ကျည်အိမ် ၁၀ ခု၊ ကျည်မျိုးစုံ ၁၅၀၀ ခန့်၊ မိုင်းမျိုးစုံ ၂၀ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ သစ်လုံးဘန်ကာ ၁၁ လုံး၊ တဲ ၂၀ လုံး၊ ယူနီဖောင်း ၆ စုံ တို့အား သိမ်းပိုက်ရရှိခဲ့သည်။

-(ကြာအင်းဆိပ်ကြီး)ကြာအင်းဆိပ်ကြီးဒေသရှိ ရန်သူအခြေပြုထားသည့် ၃ ထပ်တိုက်နေရာအား စစ်ကြောင်းများက သိမ်းပိုက်ရရှိခဲ့ပြီး ရှေ့ထွက်မိုင်း ၄ လုံး၊ မိုင်းကြိုးခွေ ၂ ခွေ၊ ကျည်အိမ် ၃ ခု၊ကျည် ၁၃၀ တောင့်၊ လက်ပစ်ဗုံး ၇ လုံး၊ အိုင်ကွန် ၂ လုံး၊ ကျည်ခါးပတ်တွဲ ၅ တွဲ၊ ဦးထုပ် ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်။

-(တနင်္သာရီ)သိန်းခွန်ရွာ၏ အရှေ့တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှု ဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားကာ ရန်သူ့ထံမှ အကြမ်းဖက် ၁ လောင်း၊ M-16 သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆန် များ သိမ်းဆည်းရရှိခဲ့သည်။

-(ရေဖြူ)ရေဖြူမြို့နယ်၊ ဝမ်ဆွေရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူ့ အလောင်း ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်မျိုးစုံ ၃၂ တောင့် တို့အား သိမ်းဆည်းရရှိခဲ့သည်။

-(ကျောက်ဖြူ)ကျောက်ဖြူမြို့နယ်၊ စစ်တောလမ်းဆုံအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် AA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA အလောင်း ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၁ တောင့် တို့အား သိမ်းဆည်းရရှိခဲ့သည်။

-(ဗန်းမောက်)စစ်ကူစစ်ကြောင်းများ၊ SNA အဖွဲ့များနှင့် အကြမ်းဖက် KIA/PDF အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိ။ (အခြေအနေ အသေးစိတ် ထပ်မံဖော်ပြပါမည်)

-(ပေါက်)ပြည်သူသတင်းပေးမှုကြောင့် ပေါက်မြို့နယ်၊ စွန်စိတ်ကုန်းရွာအနီးရှိ အကြမ်းဖက်စခန်း ၁ ခုအား သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက် ၃ လောင်း၊ လက်နက် ၃ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်၊

-(ဆားတောင်)ဆားတောင်ဒေသ၊ ကျားမင်းကြီးရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူ့ထံမှ အလောင်း ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၀ တောင့်၊ အိုင်ကွန် ၁ လုံး တို့အား သိမ်းဆည်း ရရှိခဲ့သည်။

-အကြမ်းဖက်သောင်းကျန်းသူများအတွက် ပြေးစရာမြေမရှိစေရ။-တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *