မြန်မာနိုင်ငံအလံကို မြန်မာနိုင်ငံထဲထိလာပြီး ခြေထောက်နဲ့နင်း စော်ကားပြတဲ့ အမေရိကန်နိုင်ငံ သားတယောက်အကြောင်းကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မာအပြောများနေကြလို့ စုံစမ်းကြည့်လိုက်တာ သူ့နာမည်က Michael Sladnick ။ သူက ချီကာဂိုက Trotskyism ဟောင်းတယောက်လို့သိရတယ် ။
Trotskyism ဆိုတာက တော်လှန်ရေးနည်းနဲ့ ဆိုရှယ်လစ်စနစ်ထူထောင်မှသာ အောင်မြင်မယ်လို့ အယူရှိတဲ့သူကိုခေါ်တာပါ ။သူက အရင်ကတည်းက နိုင်ငံငယ်လေးတွေမှာ ဆိုရှယ်လစ်ဝါဒီတွေကို အားပေးမှိုင်းတိုက်လုပ်ပြီး အရေးအခင်း ဆူပူအုံကြွမှုတွေဖြစ်အောင် အင်တိုက်အားတိုက်ကြိုးပမ်းခဲ့တဲ့ကောင် ။
အခုလည်း မြန်မာပြည်ထဲထိဝင်ပြီး မြန်မာနိုင်ငံကို ရှုတ်ချ မြန်မာနိုင်ငံသားတွေကို မျှော်လင့်ချက်အမှားတွေနဲ့ မြန်မာ့တပ်မတော်ကိုမနာလိုမုန်းထား အညိုးကြီးတဲ့ အငုံစိတ်နဲ့ NUG နဲ့ နိုင်ငံတော်ကိုပုန်ကန်တဲ့ သူပုန်တွေကို အားပေးအားမြှောက်လုပ်ပြီး လှုံ့ဆော်နေခဲ့တာ အချိန်တစ်ခုရှိနေပြီလို့သိရတယ် ။
ပြည်တွင်းမှာကလည်း ရိုးသားတဲ့တိုင်းရင်းသားလူငယ်တွေကို အယုံသွင်း အမြတ်ထုတ်လက်ဝါးကြီးအုပ်ဖို့ကြိုးစားနေကြတဲ့ နိုင်ငံရေးသမားတွေကလည်း ဒုနဲ့ဒေးရှိတဲ့အပြင် မြန်မာဆိုတဲ့အမျိုးက ကိုယ့်နိုင်ငံကိုရောက်လာတဲ့နိုင်ငံခြားသားဆိုရင် ဖော်ဖော်ရွေရွေနဲ့ ဂရုစိုက်ဆက်ဆံကြတဲ့အပြင် အလွန့်ကိုရိုးသားကြတော့ မျှော်လင့်ချက်အတုတွေပေး သတင်းအမှားတွေနဲ့ အားပေးအားမြှောက်လုပ် နိုင်ငံရေးသမားတွေရဲ့ အဆိုးမြင်ဝါဒီတွေကို သံမှိုလိုစွဲရိုက်နေကြတာ မြင်ရတာ စိတ်ထဲမကောင်းဘူး ။
အခုလိုကိုယ့်နိုင်ငံထဲထိလာပြီး ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံ ကိုယ့်အမိမြေကို ကိုယ်စားပြုတဲ့နိုင်ငံတော်အလံကိုပါ ခြေနင်းတာတွေ မီးရှို့ဖျက်စီးတာတွေပါ မြင်ရတော့ အင်မတန်မှ စိတ်မကောင်းဖွယ် ရင်နာဖွယ်တွေပဲ ။
တကယ်တမ်းဆိုရင် လူကြီးသူမ ဆရာဆရာမတွေ သိတတ်ကျွမ်းနားလည်တဲ့သူတွေက ကိုယ့်အနာဂတ်ရင်သွေးလေးတွေ လမ်းမှားမရောက်အောင်အမြဲဆုံးမသွန်သင်သင့်တာ အခုတော့ သူတို့ကပါ အားပေးအားမြှောက်နဲ့ လမ်းမှားကို လိုက်ပြီး ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်ရင်သွေးတွေကို ကြွေလွင့်ရမယ့်အဖြစ်မျိုးထဲ တွန်းပို့ခဲ့ကြတာ ။
အခုဆိုရင် တချို့ နောင်တရပြီး လမ်းမှန်ကို အလင်းဝင်လာတာတွေရှိပေမယ့်လည်း အတော်တော်များများက လမ်းမှားမှာ ကျဆုံးခဲ့ရ ပေးဆပ်ခဲ့ကြရပြီးပြီ ။
ဒါကိုအခုထိ NUG ရဲ့ လမ်းမှားမှာ ပိုးဖလံတွေလို အပူကို အပူဆိုတာသိသိရက်နဲ့ ဆက်တိုးကြသလိုပဲ ဆက်မိုက်ပြီးရင်းမိုက်နေကြတဲ့ သူတွေရှိနေသေးရတဲ့ အဓိကအကြောင်းအရင်းက ကျောထောက်နောက်ခံအားပေးအားမြှောက်လုပ်နေကြတဲ့ အရပ်ဒေသရဲ့ အတွေးအခေါ်ခေါင်ပါးတဲ့ မှိုင်းတိုက်ခံထားရတဲ့ လူကြီးသူမတွေကြောင့် ဖြစ်နေရတာ ။
ခင်ဗျားတို့ အခုထိ ဆက်မိုက်နေကြဦးမှာလား။ကြွေလွင့်သွားရတဲ့ အသက်တွေ အနာဂတ်တွေကိုမနှမြောကြဘူးလား တစ်ကိုယ်ကောင်းမဆန်ကြပါနဲ့ဗျာ ရမယ့်ကိုယ်ကျိုးက အနည်းငယ်လောက်နဲ့ ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်ကို မဖျက်ဆီးချင်ကြပါနဲ့ဗျာ ။
အမှန်က ခင်ဗျားတို့က လူငယ်တွေလမ်းမှားရင်တောင် လမ်းမှားကို ဆက်မလျှောက်ဖို့ လမ်းမှန်ကိုရောက်ဖို့ လမ်းပြသွန်သင်ရမာဗျ ။ ကိုယ်ကျိူးပဲမကြည့်ကြပါနဲ့ဗျာ ကြွေရတဲ့ ဆုံးရှုံးရတဲ့အသက်တွေကို ငဲ့ကြည့်ကြပါဦး နိုင်ငံရေးသမားတွေရဲ့.. ။
သူများသွေးထိုး မှိုင်းတိုက်တိုင်း အသိဉာဏ်နဲ့မစဉ်းစားပဲ ကိုယ့်လူချင်း ဝါဒီခွဲခြားပြီး ငါနဲ့မတူငါ့ရန်သူဆိုပြီး အနိုင်ယူဗိုလ်ကျသော စိတ်ထားများဖျောက်ကာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ချစ်မြတ်နိုးသော ဝံသာနုစိတ်ဓာတ်များပေါက်ဖွားလာပါစေလို့ မျှော်လင့်ရင်း…။
မေတ္တာဖြင့်_မောင်ဘုန်း

