တော်လှန်ရေးကြောင့် ဘယ်သူတွေ အမြတ်ရလို့ ဘယ်သူတွေ ရှုံးသွားကြလဲလို့ဆိုရင်…
-၂၀၂၁ အာဏာထိန်းဖြစ်စဉ်နောက်ပိုင်းမှာ စစ်တပ်ကို တော်လှန်မယ်ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ “နွေဦးတော်လှန်ရေး” ခေါင်းစဉ်လေးကတော့ လှပါဘိ။
-ဒီမှာ ပထမဆုံး လက်နက်ကိုင်မယ်ဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဆိုပြီးဖွဲ့တယ်။ သူတို့ကို အုပ်ချုပ်/ထိန်းချုပ်မယ့်အဖွဲ့ကတော့ NUG/CRPH ပေါ့…
-သူတို့ကို ထောက်ပံ့ကူညီပေးမယ့် ထောက်ပို့အဖွဲ့ကိုတော့ ပန်ဆယ်လို၊ အိုင်းရင်းတိုလို့ လူတွေနဲ့ ခေါင်းစဉ်တပ်ဖွဲ့ထားကြတယ်ဆိုပါတော့…
-ဒီမှာစပြီ PDF တွေကို လက်နက်ကိုင်ဖို့ စစ်သင်တန်းတွေပေးဖို့ကို EAOs တွေကို ခခယယလုပ်ရပြီ…သူတို့တွေ သင်တန်းတက်ဖို့ကို ပန်ဆယ်လိုတို့လို လူတွေက အလှူခံတယ်..ရထဲအထဲက တစ်ချို့တစ်ဝက်ကို လက်နက်ဝယ်ဖို့ပေးတယ်ပေါ့…
-PDF တွေက စစ်သင်တန်းတွေတက်ပြီး တိုင်းရင်းသားနယ်မြေတွေမှာ EAOs တွေရဲ့ နယ်မြေချဲ့ထွင်ရေးတွေမှာ သူတို့နဲ့ပေါင်းပြီး ၄ နှစ်နီးပါး စစ်တပ်ကိုတိုက်ကြတယ်။ PDF တွေရဲ့ လူအင်အားနဲ့ နယ်မြေတွေလည်း ရခဲ့ကြတယ်။ တိုက်ပွဲတွေအတွင်းမှာလည်း PDF အများစုသာ သေဆုံးခဲ့ကြတယ်။ PDF တွေရဲ့အကူအညီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အိမ်မက်မမက်ခဲ့ ဘူးတဲ့ နယ်မြေတွေကိုပါ ရခဲ့ကြတယ်။ နယ်မြေအုပ်ချုပ်မယ့် အခြေအနေရောက်တော့ PDF တွေကို လူရာမသွင်းခဲ့ကြဘူး…
-ဒီမှာ PDF တွေကလည်းတင်းပြီပေါ့…တိုင်းရင်းသားနယ်မြေတွေကနေသက်ဆိုင်ရာသူတို့ နယ်တွေကို ပြန်လာခဲ့ကြတယ်။ သူတို့ မက်ခဲ့တဲ့ စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပေမယ့်လည်း ရိုးသားပါတယ်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ နယ်မြေချဲ့တွင်ရေးမှာ အသုံးချခံ သက်သက်သာ ဖြစ်သွားခဲ့ကြရပြီး နွေးဉီးတော်လှန်ရေးဆိုတာကြီးကလည်း အနာဂတ်ဝေဝါးသွားခဲ့ရပါပြီ…
-ဒီအတောအတွင်းမှာ NUG ရဲ့ ဝန်ကြီးဆိုသူတွေကလည်း သားသမီးတွေနဲ့အတူ နိုင်ငံခြားရောက် နိုင်ငံခြားသားခံယူပြီး လေလှိုင်းထဲကနေသာ မြောက်ပေးနိုင်ခဲ့တယ်။ ထောက်ပို့လို့ နာမည်ခံယူထားတဲ့သူတွေကလည်း နွေဦးတော်လှန်ရေး ကျေးဇူးနဲ့ နိုင်ငံခြားမှာ ဒေါ်လာသန်းချီတန်တဲ့ အိမ်တွေ/လုပ်ငန်းတွေ ပိုင်ဆိုင်သွားခဲ့ကြပြီ။
-မြေပြင်မှာ လက်နက်ကိုင်တောထဲဝင်ပြီး လက်တွေ့ကျကျလုပ်ခဲ့တဲ့ PDF လူငယ်တွေကတော့ မိသားစုဘဝတွေပျက်စီး/ ဘဝတွေပျက်စီးသလို မပြန်လမ်းသို့ လှမ်းသွားခဲ့သူတွေလည်း အများကြီးသာ ဖြစ်သွားခဲ့ရပါတယ်။ အခုတော့ တပ်မတော်ရဲ့ ထိုးစစ်မှာ လက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ သေဆုံးမှုတွေဟာ နေ့စဉ် ရက်ဆက် တိုးပွားလာနေတာကိုလည်း တွေ့မြင်နေရပါတယ်။
ဒီတော့ ဒီအခင်းအကျင်းမှာ ဘယ်သူတွေနိုင်လို့ ဘယ်သူတွေ ရှုံးသွားခဲ့ကြတယ်ဆိုတာ..စဉ်းစားသိမြင်နိုင်ကြပါစေ…
