မိန်းမစိတ်နဲ့ လက်နက်ကိုင်ခေါင်းဆာင်တစ်ဦး

၁။  မြန်မာနိုင်ငံမှာ မယုံကြည်ရဆုံးက လက်နက်ကိုင်သူပုန်ခေါင်းဆောင်တွေပဲ။😇 ဘယ်မှ ရှည်ရှည်ဝေးဝေးသွားမကြည့်နဲ့။ ပထမဆုံး ကရင်လက်နက်ကိုင်တပ်ဖွဲ့ကို ကြည့်။ NCA လက်မှတ်တွေထိုးတော့ ခုလက်ရှိ ဥက္ကဋ္ဌဆိုတဲ့သူတွေလည်း အသိသက်သေတွေအဖြစ်နဲ့ ပါခဲ့တာပဲ။ ဒီငြိမ်းချမ်းရေးလမ်းစဉ်ကို ကြိုက်လှပါချည်ရဲ့။ ကျေနပ်ပါပြီရဲ့ဆိုပြီး သူတို့ပဲ ကျေကျေ နပ်နပ်ကြီး လက်မှတ်ထိုးခဲ့ကြတာပဲမဟုတ်လား။ အဲ့ဒီအချိန်တုန်းက ဦးသိန်းစိန် လည်း တုတ်မိုး၊ ဓားမိုးပြီး လက်မှတ်ထိုးခိုင်းခဲ့တာမဟုတ်😏။ ခုကြမှ NCA က ထွက်သလိုလို၊ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုပြီး မိုးပြော၊ ဂျိုးပြောတွေ ပြောလာနေကြတာ။ —

၂။  ခုလည်း  AA ထွန်းမြတ်နိုင်က ဒေါ်စုသားနဲ့ အွန်လိုင်းပေါ်က တွေ့ပြီး ဘွားတော် ကို အထူးလေးစားကြောင်းနဲ့ကျန်းမာရေးကို သူတော်တော်လေး စိုးရိမ်နေပါတယ်ဆိုပြီး ထုတ်ပြောသတဲ့။😅 ခက်တာက ဒီတွေ့ဆုံမှုအပြီး… ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့စာကို “ဟိုဟာမကြီး”ဆိုပြီး ရေးတင်ခဲ့တဲ့ စက်ခရင်ရှော့တွေကလည်း ဖုံးမရ၊ ဖိမရ ထွက်လာပြန်တယ်။ —

၃။  အဲ့ဒီခေတ်ကာလတွေမှာ အေအေကို အကြမ်းဖက် အုပ်စု အဖြစ် ကြေညာတာ ကလည်း ဘွားတော်အစိုးရဆိုတော့… ထွန်းမြတ်နိုင် နာကျည်း မယ်ဆိုရင်လည်း နားကျည်း ချင်စရာပဲပေါ့လေ😌။ ဒါပေမယ့်… နိုင်ငံရေးလုပ်စားဖို့အတွက် ဘွားတော်ကို ခုမှကြည်ညို ကြောင်း ထပြောတာကတော့…သိပ်ယောကျ်ားမဆန်ဘူးလို့ ဆိုရမှာပဲ။ ဒါကလည်း ပူပူနွေးနွေး ဖမ်းဝရမ်းထုတ်မယ်ဆိုတဲ့ အသံတွေကြောင့် လည်း ဖြစ်ကောင်းဖြစ်နိုင်တာကိုး။ —-

၄။  တော်လှန်ရေးကာလ ဒီ ၄ နှစ်မှာ…. ထောက်ခံသူတွေရဲ့ အလှူငွေတွေမှန်သမျှ၊ ဘာကမ်းပိန်း၊ ညာကမ်းပိန်း၊ နွေဦးထီ စသဖြင့် ခေါင်းစဉ်အမျိုးမျိုး တပ်ပြီးမှ ရလာသမျှ ပိုက်ဆံတွေကို တတိယနိုင်ငံပြေးဖို့နဲ့ မဲဆောက်မှာ ဝန်ကြီးအဆင့်နဲ့ ခမ်းခမ်းနားနားတွေ နေလာခဲ့ကြပြီးမှ…၊ နိုင်ငံရေးအရ တရားဝင်မှုဆိုတာကို SCO  အခမ်းအနားမှာ ထဲထဲ ဝင်ဝင်  ကွဲကွဲပြားပြား မြင်လာကြပြီးမှ အဂတိနဲ့အမှုပေါင်းသောင်းခြောက်ထောင်ဖြစ်နေတဲ့ ဘွားတော်ကို ဒီကာလမှာ အစပြန်ဆွဲထုတ်တာက…နိုင်ငံရေးအရပြောရင် ဝါ “နု”သေးတယ်လို့ပဲ ဆိုရမယ်။ —–

၅။  ပလက်ဝဟာ ရခိုင်မပိုင်ပါဘူးဆိုတာကို လူသိရှင်ကြားပြောထွက်ပြီးမှ ရခိုင်ထဲ ဆွဲသွင်းတဲ့လုပ်ရပ်တောင် မျက်နှာပြောင်တိုက် လုပ်ထားခဲ့ပြီးမှတော့…၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် အေအေ တွေ ကုန်မကူးပါဘူးဆိုပြီး ဘင်္ဂလားဒေရှ့်မှာတောင် လက်ပူး လက်ကြပ် မိနေခဲ့ပြီးမှတော့…၊ ဘွားတော်ကို ဟိုဟာမကြီးလို့ ဆိုခဲ့သူက ဘွားတော်ကို အထူးလေးစားကြောင်း ပြောထွက်နေပြီဆိုမှတော့….ထွန်းမြတ်နိုင်က ယောကျ်ား-ာသယ် ဘဝ ရောက်သွားပြီလားလို့ပဲ မေးခွန်းထုတ်ရတော့မှာပဲ။

(နရီမိုး)

Leave a Reply

Your email address will not be published. Required fields are marked *