စက်တင်ဘာလ ၆ ရက်နေ့တိုက်ပွဲသတင်းများ

ပုံမှန်တင်ပေးနေကြဖြစ်တဲ့ မနေ့ညနဲ့ ဒီနေ့သတင်းတွေကို တင်ပေးရရင်ဖြင့်-ဗန်းမော်ဗန်းမော်မြို့ပေါ်တွင် အကြမ်းဖက် KIA/PDF များ မရှိတော့သဖြင့် ယနေ့ငြိမ်သက်လျက်ရှိကာ စစ်သင်္ဘောများသည်လည်း အထိအခိုက်မရှိ ကသာမြို့သို့ မနေ့ညကတည်းက ရောက်ရှိသွားပြီးဖြစ်။ ပြည်ဖျက်မီဒီညာတွေက ပါးစပ်အာသာဖြေတဲ့ အနေနဲ့ သင်္ဘော ဘယ်နှစ်စီး မီးလောင်ဆိုပြီး ဖော်ပြနေပေမယ့် ဘယ်အစီးမှ ထိခိုက်မှုမရှိ။

-ကျောက်မဲဒေသတွင် နယ်မြေရှင်းနေတဲ့စစ်ကြောင်းက အကြမ်းဖက် TNLA ၂ လောင်း၊ ၂ လက်၊ တဲ ၂ လုံး၊ ဘန်ကာ ၆ လုံး၊ ပစ်ကျင်း ၂၃ ကျင်း၊ ဆသရမြောင်း ၄၀၀ ပေခန့် ရရှိထားပါတယ်။

-ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီလမ်းတလျှောက် တပ်မတော်က ထိန်းချုပ်ထားပြီး ရန်သူ့အလောင်း ၅၆ လောင်း၊ လက်နက်မျိုးစုံ ၅၅ လက်၊ Drone အများအပြား၊ ရန်သူအခြေပြုနေရာ ၄၃ နေရာအား သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး တပ်မတော်သား ၃ ဦးကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မကြာမီ ထိုင်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်ပါလိမ့်မယ်။ (လမ်းတွေတော့ ပြင်ရပါလိမ့်ဦးမယ်)

-သပိတ်ကျင်းသပိတ်ကျင်းဒေသဘက်မှာတော့ ရန်သူ့အလောင်း ၁၂ လောင်း၊ လက်နက်မျိုးစုံ ၇ လက်ရရှိထားပါတယ် (လုပ်ကိုင်နေဆဲမို့ နေရာအတိအကျ မဖော်ပြတော့ပါ)-ကျန်ဒေသများတော့ ပတောက် ပတောက်ဆိုတဲ့ ပါမွှားလေးဖြစ်လို့ မဖော်ပြတော့ပါဘူး-အကြမ်းဖက်သမားတွေအတွက် ပြေးစရာမြေမရှိစေရ 👌👌👌

-တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *