စက်တင်ဘာလ ၅ ရက်နေ့တိုက်ပွဲသတင်းများ

ပုံမှန်တင်ပေးနေကြဖြစ်တဲ့ မနေ့ညပိုင်းနဲ့ ဒီနေ့သတင်းတွေကို တင်ပေးရရင်ဖြင့်

-မြစ်ကြီးနားမြို့နယ်၊ စံကားရွာအနီးမှာ နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF တို့ ၁၀ မိနစ်ခန့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မိမိထိခိုက်မှုမရှိ၊ KIA/PDF ၁ လောင်း၊ M-25 သေနတ် ၁ လက် သိမ်းဆည်းရရှိ။

-ဗန်းမော်မြို့၊ ရွှေကျီးနားရပ်ကွက်အတွင်း နယ်မြေရှင်းလင်းနိုင်ခဲ့ပြီး ရန်သူမှ တင့်ကားတပ်ရင်းထဲသို့ ရှော့တိုက်ဒုံးများဖြင့် ရန်းသမ်းပစ်ခတ်ခဲ့။ လူ/ဆောက်ဦ ထိခိုက်မှုမရှိ။

-ကျောက်မဲဒေသအတွင်းတွင် နေဝန်းနီစစ်ကြောင်းများနှင့် အကြမ်းဖက် TNLA အဖွဲ့တို့ ထိတွေ့မှု ၄ ကြိမ်ဖြစ်ပွားပြီး မိမိစစ်သည် ၁ ဦး ကျဆုံးကာ ရန်သူ့အလောင်း ၆ လောင်း၊ သေနတ် ၄ လက်၊ လက်ပစ်ဗုံး/မိုင်းများ သိမ်းဆည်းရရှိခဲ့ပြီး ရန်သူ့တောင်ကုန်း ၂ ခုအား သိမ်းပိုက်ရရှိခဲ့။

-ဒီးမော့ဆိုမြို့နယ်၊ ခူပရာတူးငံရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး မိမိထိခိုက်မှုမရှိ၊ ရန်သူ့အလောင်း ၂ လောင်း၊ သေနတ် ၁ လက်၊ လက်ပစ်ဗုံး/မိုင်းများ သိမ်းဆည်းရရှိခဲ့။

-ကော့ကရိတ်ဒေသ၊ သင်္ကန်းညီနောင်ဒေသ၊ အာရှလမ်းနေရာများတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် KNU အဖွဲ့များက PDF များကို ထားရစ်ခဲ့ကာ ယိုးဒယားနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့။ အဆိုပါတိုက်ပွဲများတွင် မိမိစစ်သည် ၃ ဦး ကျဆုံးခဲ့ရပြီး ရန်သူ့အလောင်း ၃၂ လောင်း၊ လက်နက်မျိုးစုံ ၂၁ လက်၊ Drone ၁ စီး၊ Jammer ၂ စုံ၊ ဘန်ကာ ၄၃ လုံး၊ ပစ်ကျင်း ၁၀၅ ကျင်း၊ ဆသရမြောင်း ၁၇၀၀ ပေခန့်နှင့်အတူ ရန်သူအခြေပြုနေရာ ၁၄ ခုအား သိမ်းပိုက်ရရှိခဲ့။ သင်္ကန်းညီနောင်ကတော့ မိုင်းရှင်းနေဆဲမို့ တရားဝင်သတင်းထုတ်ပြန်မှပဲ စောင့်ကြည့်ကြပါရန်။

-ကျောက်ဖြူမြို့နယ်အတွင်း အကြမ်းဖက် AA သူပုန်များ အခြေပြုထားသည့် နေရာနှင့် စခန်းကုန်း ၃ ခု သိမ်းပိုက်ရရှိပြီး ရန်သူ့အလောင်း ၄ လောင်း၊ လက်နက် ၂ လက် တို့အား သိမ်းပိုက်ရရှိခဲ့။

-သပိတ်ကျင်းမြို့နယ်၊ ဖော့တောရွာနှင့် လမ်းလယ်ကျစ်ရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ TNLA/PDF ၄ လောင်း၊ လက်နက်မျိုးစုံ ၇ လက်တို့အား သိမ်းပိုက်ရရှိခဲ့ပြီး ဒေသအား အောင်မြေချဲ့ထိန်းချုပ်နိုင်ခဲ့။

-ပဲခူးတိုင်း၊ ဆင်လန်ဒေသ/ ကြို့ပင်ကောက်ဒေသ/ ညောင်လေးပင်ဒေသနှင့် ကျောက်ကြီးဒေသများတွင် နယ်မြေရှင်းစစ်ကြောင်းများနှင့် ရန်သူအဖွဲ့တို့ ၆ ကြိမ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၃ လက်တို့အား သိမ်းပိုက်ရရှိခဲ့။-အကြမ်းဖက်သမားများအတွက် ပြေးစရာ မြေမရှိစေရ 👌-တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *