


ပေထုန်တန် ရှင်နာဝပ် ၏ ဝန်ကြီးချုပ်ရာထူးကို ရပ်စဲလိုက်သည့် ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏စီရင်ချက် အရ ထိုင်းနိုင်ငံ၏ အစိုးရအဖွဲသည် စနေနေ့တွင် ဒုတိယဝန်ကြီးချုပ် ဖွမ်ထမ် ဝေချယာချိုင်ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။
ဝန်ကြီးချုပ်ရုံးဝန်ကြီး ချူးဆက် စီရိနီးလ်က အထူးအစိုးရအဖွဲအစည်းအဝေးအပြီးတွင် ပရိုမင်လက်ဆူရီဒက်ကို ဝန်ကြီးချုပ်၏အတွင်းဝန်ချုပ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
အစိုးရအဖွဲသည် ၎င်း၏လုပ်ပိုင်ခွင့်ထက်မကျော်လွန်ဘဲ တည်ငြိမ်မှုရှိစေရန် ဤအကူးအပြောင်းကာလတွင် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုများအတွက် တင်းကျပ်သောမူဘောင်ကို အတည်ပြုခဲ့ကြောင်း ချူးဆက်က ပြောကြားခဲ့သည်။
