လူမှုကွန်ရက်ပေါ်၌တွေ့ရှိရသည့် NUG ဘက်တော်သား သေဆုံးမှုများ

ပုံ (၁)>>> ဩဂုတ်လ ၂၉ ရက်နေ့ ကျောက်မဲဒေသ နောင်ပိန်ကျေးရွာတိုက်ပွဲတွင် အကြမ်းဖက် ၃၀ ဦး ကျော်သေဆုံး ခဲ့ကြောင်း MPA မှ ဖော်ပြခဲ့ပြီး TNLA သေဆုံးမှုကိုသာဖော်ပြခဲ့ပြီး တပ်မတော်မှရရှိခဲ့သည့် အလောင်း ၁၃ လောင်းတွင် တပ်ရင်းမှူးအဆင့် ၁ ဦးပါရှိသည့်အတွက် ပြန်ဆွဲသွားသောအလောင်းများသည် ခေါင်းဆောင်ပိုင်း အများစုဖြစ်နိုင်ကြောင်းသိရှိရ…

ပုံ (၂)>>> ဩဂုတ်လ ၂၅ ရက်နေ့ပခုက္ကူတိုက်ပွဲတွင် လက်နက်ကြီးထိမှန်ပြီး PDF ရဲဘော် flash သေဆုံးခဲ့ကြောင်း မသာချပွဲနှင့်အတူ 1-9-2025 ရက်နေ့တွင် PDF အဖွဲ့တစ်ခုမှ ဖော်ပြလာခဲ့ပြီး လက်နက်ကြီးကြောင့် သေဆုံးလျင်အနည်းဆုံး ဆယ်နှင့်ချီသေဆုံးဒဏ်ရာရရှိနိုင်ကြောင်း၊ ထင်ရှားပြီးလူသိများသည့် PDF ၁ ဦးကိုသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ…

ပုံ (၃)>>> ဩဂုတ်လ ၃၀ ရက်နေ့တွင် PDF တပ်ရင်းတစ်ခုမှ အညာဒေသတစ်ခုတွင် PDF ၁၇ ဦးသေဆုံးခဲ့ကြောင်း လူမှုကွန်ရက်တွင် ဖော်ပြထားပါသည်။ အဲ့လောက်သေဆုံးတယ်ဆိုရင်တော့ လေယာဉ်နဲ့ကျဲခံလိုက်ရတာဖြစ်မယ် ဒဏ်ရာရတဲ့လူတွေလည်း အများကြီးရှိပါအူးမယ်…

ပုံ (၄)>>> ဩဂုတ်လ ၂၄ ရက်နေ့တွင် မြင်းခြံခရိုင် MBT မှ PDF ၁ ဦးသေဆုံးခဲ့ကြောင်း ၎င်းတပ်ရင်းမှမသာချပွဲနှင့်ဖော်ပြထားသော်လည်း မသာချပွဲတွင် မသာ ၂ လောင်း ဖြစ်နေကြောင်းတွေ့ရှိရမည်ဖြစ်ပါတယ်…

ပုံ (၅)>>> ချင်းပြည်နယ်တိုက်ပွဲတစ်ခုတွင် PDF ၁ ဦး လက်နက်ကြီးကြောင့်သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်တွင်တွေ့ရှိရပြီး မြေပြင်တွင် သေဆုံးသူ ၅ ဦးကျော်ရှိနိုင်ကြောင်းသိရပါတယ်။ လူမသိသူမသိနဲ့ NUG ရဲ့အသုံးချခံဘဝ၊ EAO တွေရဲ့အသုံးချခံဘဝနဲ့ သေဆုံးတဲ့သူတွေ မပါသေးဘူး…

Social Media ပေါ်တွင် ၎င်းတို့ကိုယ်တိုင်ဖော်ပြထားသည့် အချက်အလက်များအရ ၃၀-၈-၂၀၂၅ ရက်နေ့မှ ၁-၉-၂၀၂၅ ရက်နေ့အထိ အကြမ်းဖက်သမား (၅၁) ဦးသေဆုံးခဲ့ကြောင်းသိရှိရပြီး နောင်ပိန်တိုက်ပွဲတွင်ဖော်ပြထားသည့်အရေအတွက်သည် TNLA အကြမ်းဖက်များ၏ အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် PDF ၄၀ ဦးကျော်သေဆုံးခဲ့ကြောင်း သတင်းပေးချက်များ အရသိရှိရပါတယ်။ သူတို့ကိုယ်တိုင်ဖော်ပြလို့ မြင်လိုက်ရတာပဲရှိသေးတယ် NUG ရဲ့ ဝါဒမှိုင်း တွေကြောင့် လမ်းမှားဖက်ကိုလိုက်ရင်း အတုံးအရှုံးသေနေကြတဲ့ ဗမာငတုံး PDF တွေ ဘဝ ကတော့ မတွေးဝံ့စရာပါ…

Leave a Reply

Your email address will not be published. Required fields are marked *