ဩဂုတ် ၃၁ ရက်နေ့တွင် နမ့်ဖားဒေသအတွင်း အောင်မြေချဲ့နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းများနှင့် အကြမ်းဖက် KIA အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့ကာ ရန်သူအခြေပြုနေရာအား သိမ်းပိုက်ရရှိ။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ-
(၁) အကြမ်းဖက် KIA ၁ လောင်း
(၂) Type-81 ၁ လက်
(၃) အမ် ၂၂ ကျည် ၁၈၄၅ တောင့်
(၄) ၁၂.၇ စက်သေနတ်ကျည် ၈၄ တောင့်ပါ ၂ ဖာ (၁၆၈) တောင့်
(၅) ပွိုင့်၅ စက်သေနတ်ကြီးကျည် ၂၁၅ တောင့်
(၆) KA ကျည်အိမ် ၈ ခု
(၇) ကျည်ခါးပတ်တွဲ ၃ တွဲ
(၈) ဘဇူကာဗုံးသီး ၁ လုံး
(၉) အာပီဂျီဒုံးသီး ၁၃ လုံး
(၁၀) တရုတ်လက်ပစ်ဗုံး ၁ လုံး
(၁၁) ရီမုမိုင်းဓာတ်ခဲအိမ် ၁၁ ခု
(၁၂) ရီမုမိုင်းကွန်ထရိုး ၃ ခု
(၁၃) အိုင်ကွန် ၂ လုံး၊ ဘတ္ထရီအပို ၂ ခု
(၁၄) လက်လုပ်မိုင်းကြီး/သေး ၄ လုံး
(၁၅) KIA တံဆိပ်ပါ ယူနီဖောင်း ၆ စုံ
(၁၆) KIA ဦးထုပ် ၃ လုံး
(၁၇) ကျောပိုးအိတ် ၈ လုံး
(၁၈) ပစ်ကျင်း/ဘန်ကာများ တို့အား သိမ်းပိုက်ရရှိခဲ့သည်။



