အစ္စရေးနိုင်ငံရဲ့ စွမ်းရည်ရှိတဲ့ ထောက်လှမ်းရေးရဲ့စွမ်းပကား

ဩဂုတ်လ ၂၉ ရက်နေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံမှ ဟူသီတို့ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဝန်ကြီးချုပ်အပါအဝင် စွမ်းအင်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြန်ကြားရေးဝန်ကြီး တို့သာမက စစ်ဦးစီးချုပ် အပါအဝင် စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်တွေလည်း သေဆုံးသွား ကြောင်း ယီမင်ဟူသီ အာဏာပိုင်များက အတည်ပြုခဲ့ပါတယ်…

ဒီဖြစ်စဉ်အပေါ် အစ္စရေးရဲ့ စွမ်းရည်ထက်မြက်တဲ့ ထောက်လှမ်းရေးသတင်းရယူမှုနဲ့ လေကြောင်းစွမ်းပကားကို စစ်ရေးလေ့လာသူတွေက အထူးချီးကျူး အသိအမှတ်ပြုနေကြပါတယ်….

ဒီဖြစ်စဉ်ကို လေ့လာကြည့်လိုက်ရင် ပြတ်သားတဲ့ခေါင်းဆောင်ရဲ့ အမိန့်ပေးမှု၊ ရန်သူ့ခေါင်းဆောင်ပိုင်းစုဝေးနေတာကို အချိန်၊ နေရာ သတင်းအတိအကျရရှိအောင် စွမ်းဆောင်နိုင်တဲ့ ထောက်လှမ်းရေးစွမ်းရည်မြင့်မားမှု၊ တာဝေးတိုက်ခိုက်မှုတွေကို ထိရောက်အောင် တိုက်ခိုက်နိုင်တဲ့ အစ္စရေးလေယာဉ်မှူးများရဲ့ စွမ်းပကား၊ ခေတ်မှီစစ်လက်နက်နဲ့ နည်းပညာမြင့်မားမှုတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးက အထင်ကြီးလေးစားရတဲ့ အစ္စရေးတပ်မတော်ရဲ့ စွမ်းပကားတွေ ဖြစ်ပါတယ်….

အစ္စရေးနည်းတူ ရန်သူထိန်းချုပ်နယ်မြေထဲမှာ ရန်သူအခြေပြုနေရာတွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့ မြန်မာ့တပ်မတော်အတွက်လည်း အားကျမိပါတယ်…

အစ္စရေးလိုမျိုးသာ ထိထိရောက်ရောက် ရန်သူကို ချေမှုန်းနိုင်ဖို့အတွက်ကတော့ သတင်းရရှိမှုဟာ အဓိကကြနေလို့ မြန်မာ့တပ်မတော်ရဲ့ ထောက်လှမ်းရေးတစ်ဖြစ်လဲ စရဖအဖွဲ့ကြီး အားကောင်းပြီး စွမ်းရည်တိုးတက်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါရစေ…

(ခင်ညိုချော)

Leave a Reply

Your email address will not be published. Required fields are marked *