အမြန်ရှပ်ပြေးရေယာဉ်အား PDF အဖွဲ့က ဓားပြတိုက်

ဩဂုတ်လ ၃၁ ရက်နေ့မနက် ၃ နာရီခန့်တွင် မြောင်မြိုနယ်၊ မြေတော်ကျေးရွာဆိပ်ကမ်းမှ ပြည်သူ ၅၄ ဦး လိုက်ပါ လာသည့် ပြည်တိုင်းအောင် အမြန်ရှပ်ပြေးရေယာဉ်သည် မြင်းခြံမြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းသို့ မနက် ၆ နာရီခန့် ရောက်ရှိပြီး ခရီးသည် ကျား ၉ ဦး၊ မ ၁၈ ဦး၊ ပေါင်း၂၇ ဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ဆက်လက်ထွက်ခွာလာရာ ငါန်းဇွန်မြို့နယ်၊ ဂျပန်ကျွန်းကျေးရွာ၏ မြောက်ဘက်မီတာ ၁၄၀၀ ခန့်သို့ ရောက်ရှိစဉ် အကြမ်းဖက်သမားများမှ စက်လှေ ၃ စီးဖြင့် ရောက်ရှိလာပြီး ရေယာဉ်အား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဆီမီးခုံဆိပ်ကမ်းမှ လိုက်ပါလာသည့် ခရီးသည် ကျား ၈ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၂၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကုန်ပစ္စည်းများအား ဓားပြတိုက် ယူဆောင်သွားခဲ့ကြောင်းသိရပါသည်။

အကြမ်းဖက် PDF များ ဖမ်းဆီးခေါ်ဆောင်သွားသည့် အပြစ်မဲ့ပြည်သူ ၂၃ ဦးအား ပြန်လည် ကယ်ဆယ်ရန်အတွက် တပ်မတော်မှ လိုက်လံရှင်းလင်းဆောင်ရွက်လျက်ရှိ။

#crd

Leave a Reply

Your email address will not be published. Required fields are marked *