(၂၆-၈-၂၀၂၅ မှ ၂၉-၈-၂၀၂၅) ရက်အတွင်း လူမှုကွန်ရက်ပေါ်၌တွေ့ရှိရသည့် NUG ဘက်တော်သား သေဆုံးမှုများ

ပုံ (၁)။ တောင်ငူခရိုင် ဗျူဟာ ၂၂ ပဲခူးရိုးမ ရေတာရှည် အကြမ်းဖက် PDF တပ်ဖွဲ့ဝင်ဖြစ်သူ ရဲဘော်စိုးကြီးဟာ ပြည်သူများကို အနိုင်ကျင့် သတ်ဖြတ်ရန်နှင့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲရန်အတွက် လက်နက်ခဲယမ်းများသယ်ဆောင်စဉ် အကြမ်းဖက် PDF အဖွဲ့အတွင်းရောက်ရှိနေသော အမာခံသတင်းပေးများ၏ တိကျသောသတင်းပေးချက်အရ စောင့်ကြိုတိုက်ခိုက်ချေမှုန်းခဲ့ရာ သေဆုံးသွားခဲ့ကြောင်းသိရှိရပါတယ်။ မသာပွဲကျင်းပချိန် မှာလည်း အမာခံသတင်းပေးက နေရာတိတိကျ ပေးပို့ခဲ့သဖြင့် ထပ်မံချေမှုန်းခံရပြီး ထိခိုက်သေဆုံးများကြောင်း သိရှိရပါတယ်။

ပုံ (၂)။ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်တပ်ဖွဲ့ဖြစ်သော အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ရဲဘော် ကြက်ဖ၊ ရဲဘော် ဂျိမ်း၊ ရဲဘော် ကောင်းကောင်းတို့ (၃) ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပေမယ့်လည်း သင်္ချိုင်းကုန်းက အုတ်ဂူတွေက အစိုဓာတ်မပြယ်သေးတာကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမား တော်တော်များ သေဆုံးနေတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် တိုးတက်သောကရင်နီပြည်ပြည်သူ့အင်အားစု (PKPF)၏ ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်း ကယားပြည်နယ်တိုက်ပွဲများတွင် အကြမ်းဖက်သမား (၁၃) ဦး သေဆုံးခဲ့ကြောင်း တွေ့မြင်နေရပါတယ်။

ပုံ (၃)။ နွားထိုးကြီးတိုက်ပွဲအတွင်း တပ်မတော်၏ ထိရောက်သောတိုက်ခိုက်ချေမှုန်းမှု များကြောင့် မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းမှ အကြမ်းဖက်သမား (၄) ဦးသေဆုံးခဲ့ကြောင်း ချပြခဲ့သော်လည်း၊ မြေပြင်တွင် အထိအခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး သွားကြကြောင်း၊ စစ်ကြောင်းများမှ လိုက်လံချေမှုန်းလျက်ရှိကြောင်း အတွင်းသတင်းများအရ သိရှိရပါတယ်။

ပုံ (၄)။ တပ်မတော်နှင့်ရင်ဆိုင်တိုက်ပွဲများအတွင်း အကြမ်းဖက် ဗမာ PDF များ အထိအခိုက်၊ အသေအဆုံးများနေကြောင်း၊ သင်္ချိုင်းများတွင် အကြမ်းဖက် အုတ်ဂူများ ပိုမိုများပြားလာသကဲ့သို့ တောတွင်းမှာလည်း လူမသိသူမသိ သေဆုံးခဲ့မှုများ များပြားကြောင်း၊ ထိုကဲ့သို့ သေဆုံးရခြင်းမှာ သောင်းကျန်းသူ သူပုန်များက ဗမာ PDF များကို ရှေ့တန်းမှအသေခံတိုက်ခိုင်းကာ ၎င်းတို့ နယ်မြေရရှိစေရေးအတွက် အသုံးချနေခြင်းကြောင့်ဖြစ်ကြောင်း မြေမြင်သတင်းများနှင့် အတွင်းသတင်းများအရ သိရှိရပါတယ်။

ပုံ (၅)။ ကယားပြည်နယ်တိုက်ပွဲတစ်ခုအတွင်း အကြမ်းဖက် KNDF (၁) ဦးဟာ တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း မြင်တွေ့ခဲ့ရပြီး ပြည်တွင်းက အသုံးချခံ PDF တွေ များများသေလေ ပြည်ပကနေ မသာပြခွက်ခေါက်သူများအတွက် အလှူငွေပိုရရှိလေလေ ဖြစ်နေတာကတော့ စိတ်မကောင်းဖွယ်ရာပဲဖြစ်ပါတယ်။

ပုံ (၆)။ ကရင်ပြည်နယ်တိုက်ပွဲတစ်ခုအတွင်း ဗမာ အကြမ်းဖက် PDF (၁) ဦးဖြစ်တဲ့ ကောက်ကွေး (ခ) မြတ်ကောင်းခန့်ဟာ KNU အကြမ်းဖက်အဖွဲ့ရဲ့ အသုံးချခံဘဝနဲ့ အညာမြေကို ပြန်မလာ နိုင်ဘဲ ကရင်ပြည်နယ်မှာပဲ မြေဩဇာဖြစ်သွားခဲ့တာဟာ မိဘတွေအတွက် စိတ်မကောင်းဖြစ်မိ ပါတယ်။ သူပုန်တွေရဲ့ နယ်မြေလုတိုက်ပွဲမှာ ဗမာငတုံး PDF တွေ သေပေးနေရတာ တန်ရလား ပြန်တွေးမိပါစေ။

ပုံ (၇)။ ဗမာ PDF ငတုံးတစ်ကောင်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့လက်ချက်နဲ့ ငရဲကိုဆင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။

ပုံ (၈)။ ဩဂုတ်လ ၂၆ ရက်နေ့က အကြမ်းဖက် CDF CDM Siyin က အသက် ၂၇ နှစ်အရွယ် Sailas Thang Khat Pum ဟာ သေနတ်ဖြင့် ကိုယ့်ကိုယ်ကို ပစ်သတ်သေခဲ့တယ်လို့ တီးတိန်ဒေသနေ ပြည်သူများရဲ့ ဖော်ပြချက်များအရ သိရှိခဲ့ရပါတယ်။ အကြောင်းကတော့ အကြမ်းဖက်သမားတွေဟာ အချင်းချင်း အနိုင်ကျင့်၊ ဗိုလ်ကျမှု၊ မတရားခိုင်းစေမှု၊ ပြည်သူတွေကို ညှင်းပန်းနှိပ်စက်မှု၊ ပြည်သူပိုင်ပစ္စည်းများကို မတရား သိမ်းပိုက်ဖျက်ဆီးမှုများကို မြင်တွေ့ရပြီး စိတ်ဓာတ်ကျဆင်းကာ မိမိကိုယ်ကိုယ်ကို သတ်သေသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ပုံ (၉)။ လတ်တလော ဗန်းမော်တိုက်ပွဲအတွင်းမှာ KIA သောင်းကျန်းသူ ၆၀ ကျော်သေဆုံးခဲ့ကြောင်း ပြောကြားထားပေမဲ့လည်း မြေပြင်မှာတော့ မသာမြှုပ်ဖို့ ကျင်းတူးရာမှာ လူနဲ့တင်မလောက်တော့တဲ့အတွက် ဘတ်ဟိုးများနဲ့ ကျင်းတူးပြီး အစုလိုက် အပြုံလိုက် မြှုပ်နေရကြောင်း ကြားသိရပါတယ်။ တိုက်ပွဲတွေမှာ နောက်ကနေတဲ့ KIA ကောင်တွေတောင် ဒီလောက်သေနေရင် ရှေ့ကနေ အသေခံတိုက်နေရတဲ့ ဗမာ PDF ငတုံးတွေ ဘယ်လောက်တောင်သေမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

Social Media ပေါ်တွင် အကြမ်းဖက်သမားတွေကိုယ်တိုင် ဖော်ပြထားသည့် အချက်အလက် များအရ ၂၆-၈-၂၀၂၅ မှ ၂၉-၈-၂၀၂၅ ရက်နေ့အထိ အကြမ်းဖက်သမားသောင်းကျန်းသူ/ PDF (၇၂) ဦးသေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး မြေပြင်မှာတော့ ထိခိုက်သေဆုံးသူတွေ ယခုထက်များတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *