နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအားအဆောက် အအုံများအား စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်းကို အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု စီမံချက် (Emergenacy Preparedness Plan -EPP)ပါ လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက် လျက်ရှိပြီး ဆည်တမံဆိုင်ရာကျွမ်းကျင်သူပညာရှင်များ၏ စစ်ဆေးအတည်ပြုချက်များ အရတမံများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်မရှိကြောင်း သိရပါတယ်..
နေပြည်တော်ကောင်စီနယ်မြေအတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများသည် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ဒေသအတွင်းရှိ လျှိုမြောင်များမှ စီးဆင်းလာခြင်းဖြစ်ပြီး ယာယီရေကြီးရေလျှံမှုမျှသာဖြစ်ပါတယ်..
သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့လည်း ယာယီရေတားတမံမကျိုးပေါက်စေရေး၊ သဲထုတ်ရေတံခါးများမှ ရေထုတ်လွှတ်မှု၊ ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်းနှင့် ရေပေးအဆောက်အအုံများ ရေကြီးရေလျှံမှုကြောင့် ထိခိုက်မှုလျော့ပါးသက်သာစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။
ခင်ညိုချော
