





စစ်ကိုင်းတောင်ရိုးပေါ်ရှိ စာသင်တိုက်(၃)တိုက်မှ သံဃာတော်များကို ပါမောက္ခချုပ်ဆရာတော်ကြီးက ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းတော်မူခဲ့ကြောင်း သိရသည်။
မြစကြာကျောင်းတိုက်ရှိ သံဃာတော်(၄၃၀)ပါး၊ ဇိနောဒယပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်(၉၅) ပါး၊ ရွှေဟင်္သာတိုက်သစ်ရှိ သံဃာတော်(၂၈)ပါး (စုစုပေါင်း သံဃာတော် ၅၅၃ ပါး)တိုအား ဝါဆိုသင်္ကန်းများကို ပါမောက္ခချုပ်ဆရာတော်ကြီး(ကိုယ်စား) ဆရာတော်၊ သံဃာတော်များကဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
