

န်ပီယံဆုဖလား ကိုင်မြှောက်ပြီး အိမ်ပြန်နိုင်ရန် တစ်သင်းလုံး အကောင်းဆုံး ကြိုးစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ခင်မာလာထွန်းက ယနေ့ ဩဂုတ် (၁၈)ရက်တွင် ကျင်းပသည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ချန်ပီယံဆု ရခဲ့ပါက ပြည်သူများ၊ လူငယ်မျိုးဆက်သစ် ကစားသမားများအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမည်ဖြစ်သဖြင့် အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားထားသည်။
“ဒီဗိုလ်လုပွဲဟာ နိုင်ငံအတွက်၊ ပြည်သူ့အတွက်၊ ကစားသမားတွေအတွက် အလွန်အရေးပါတာမို ချန်ပီယံ ဆုဖလား ကိုင်မြှောက်ပြီး အိမ်ပြန်နိုင်ဖို တစ်သင်းလုံး အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။ ချန်ပီယံဆု ရခဲ့ရင် ပြည်သူတွေ ၊ လူငယ်မျိုးဆက်သစ်ကစားသမားတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာမို အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
