ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်က ၂၄ နှစ်အရွယ် ကလေးအမေတစ်ဦးကို AA က ပေါ်တာဆွဲပြီး
စစ်သင်တန်းတက်မှာ နှိပ်စက်လို့ သေဆုံးသွားမှ အလောင်းကို မိသားစုဆီ
ပြန်ပို့ပေးတဲ့ ဖြစ်စဉ်ဟာ ရခိုင်ပြည်နယ်မှာ တော်တော်လေး ပျံ့နှံနေပါတယ်။
ဇူလိုင်လက ရခိုင်သူပုန် AA က စစ်သင်တန်းတက်ဖို့ လူသစ်စုတဲ့အထဲမှာ
မတင်ချေ (ခေါ်) မတင်တင်သန်းက ပါသွားခဲ့ပြီး မြောက်ဦးမြိုဖက်မှာ
စစ်သင်တန်းတက်နေရင်း ဩဂုတ်လ ၆ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
AA သူပုန်က မတင်ချေရဲ့ အလောင်းကို လာပြန်ပိုတဲ့အချိန်မှာ မျက်လုံးမှာ
ဖူးယောင်ပြီး သွေးစိုနေတဲ့အပြင် ခန္ဓာကိုယ်မှာ
ဖူးယောင်ဒဏ်ရာတွေနဲ့ ပြည့်နေပေမယ့် ခိုင်သုခ ထုတ်ပြန်တဲ့အထဲမှာ
အစာအဆိပ်သင့်ပြီး သေသွားတယ်လို့သာ မိသားစုကို ပြောခဲ့တယ်လို့ သိရတယ်။
သေသွားတဲ့ မတင်ချေမှာ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ရှိပြီး
ယောကျာ်းက တရုတ်မှာ အလုပ်လုပ်နေတယ်လို သိရပါတယ်။
ခုချိန်မှာတော့ ကလေးငယ်လေးက ရွာမှာ အဘွားဖြစ်သူနဲ့ ခိုကိုးရာမဲ့နေတယ်လို
သိရပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း ယောကျားလေးတစ်ဦးကို နေမကောင်းဖြစ်လို့
သင်တန်းမှာ သေသွားတယ်ဆိုပြီး အလောင်းဖျောက်မီးရှိလိုက်တဲ့ ဖြစ်စဉ်လည်း ရှိခဲ့သေးတယ်။
ပေါ်တာဆွဲပြီး စစ်သင်တန်းတက်ခိုင်းနေတဲ့ AA ရခိုင်သူပုန်ရဲ့ သင်တန်းမှာ
နှိပ်စက်ခံရလို သေသွားတဲ့ ရခိုင်လူငယ်တွေတော်တော်များနေပြီဖြစ်ကြောင်းလည်းသိရပါတယ်။
#crd
