ဝန်ကြီးဦးသန်းဆွေနှင့် IOM ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့တွေ့ဆုံ

ဩဂုတ် ၁၁ ရက်ညနေ ၄ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ(IOM)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO တို့ နေပြည်တော်၌တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံစဉ် IOM အနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ အကူအညီများပေးအပ်လျက်ရှိမှု၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏လုပ်ငန်းများ၊ မြန်မာအစိုးရနှင့် IOM တို့ကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ငလျင်ဘေးသင့်သူများကို အရေးပေါ် အကူအညီပစ္စည်းများ ပေးအပ်ခဲ့မှုတို့အား ဆွေးနွေးခဲ့ကြပါတယ်။

#Crdခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *