အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲခဲ့သည့် "Operation Epic Fury" စစ်ဆင်ရေးသည် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ခဲ့ပြီဖြစ်သောကြောင့် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် Project Freedom ကိုသာ အာရုံစိုက်တော့မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က မေလ ၅ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ အဆိုပါစစ်ဆင်ရေးမှာ ဖေဖော်ဝါရီ ၂၈…