သြဂုတ် ၁ ရက်သောကြာနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-စက်တင်ဘာ ၃ ရက်၌ ပြုလုပ်မည့် တရုတ်တိန့်အင်မင်ရင်ပြင် စစ်ရေးပြအခန်းအနားသို့ ရုရှား သမ္မတပူတင် တက်မည်ဖြစ်ပြီး တရုပ်ကွန်မြူနစ်ပါတီ သီးသန့်အစည်းဝေးကို အောက်တိုဘာလလယ်၌ ကိုယ်စားလှယ် ၃၇၀ ဖြင့်ပြုလုပ်မည်ဖြစ်ကာ ရှေ့ ၅ နှစ်စီမံကိန်းအတည်ပြုမည်ဖြစ်သည်၊ နိုဝင်ဘာ၌ပြုလုပ်မည့် အေပက် ထိတ်သီး အစည်းဝေး၌ ထရန့် နှင့် ရှီ တွေ့မည်ဟုဆိုသည်။

-ထိုင်းဖမ်းထားသော မိမိတို့စစ်သား ၂၀ ပြန်လွှတ်ပေးရန် ကမ္ဘောဒီးယား က တောင်းဆိုလိုက်ပြီး စစ်ဆေးပြီးရင် လွှတ်မှာပါဟု ထိုင်းနိုင်ငံခြားရေးကပြောသည်။

-အီရန် ကြောထောက်နောက်ခံပြု ဟားမတ်စ် အဖွဲ့ လက်နက်ဖျက်သိမ်းရန် ဆော်ဒီ ကာတာ အီဂျစ်တို့ပါဝင်သော အာရပ်နိုင်ငံများအပါဝင် ၁၇ နိုင်ငံ ကလက်မှတ်ထိုးထုတ်ပြန်သည်။

-ဒေါ်လာ သန်း ၁၀၀ တန် ရေတပ်သုံး F – 35 C တိုက်လေယာဥ် ကာလီဖိုးနီးယားအလယ်ပိုင်း၌လေ့ကျင့်ပျံသန်းစဥ်ပျက်ကျပြီး ပိုင်းလော့ လွတ်မြောက်သည်။

-ဝန်ကြီးချုပ်ဟောင်း နှင့် ထိုင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ က တိုင်းပြည်အရေးပေါ်ကာလကြုံနေစဥ် စီးပွားရေးကိစ္စ ထည့်တွက်ရန်မလို ဟု မှတ်ချက်ပြုလိုက်သည်။

-ဟောင်ကောင်တွင် တရုပ် – အီရန် ကမ္ဘာ့ဖလားခြေစစ်ပွဲမစမှီ နိုင်ငံတော်သီချင်းတီးမှုတ်ရာ လော်ဘတ်တေး ( ၁၉ နှစ်) ဆိုသူတရုပ်ကျောင်းသား က မထီမဲ့မြင်ပြု၍ တရားစွဲထောင်ချခံရသည်။

ပြည်တွင်းထူးခြားသတင်းများ

-ကျောက်ဖြူ နှင့် ကန့်ဘလူ ၊ သီပေါ ကွတ်ခိုင်တို့ကို ဗုံးကြဲသည်။

-AA ထိမ်းချုပ် ပေါက်တောမြို့နယ် ဟင်းခရာ ရွာ ဘုန်းကြီးကျောင်း တွင် အသက် ၇၀ အရွယ် ဘုန်းကြီး ဦးစန္ဒိမာ (ခေါ်) စိန်လှထွင်း က ၉ နှစ်အရွယ် စစ်ရှောင်မိန်းခလေးကို အဓမ္မကျင့် ၍ AA ဖမ်းထားသည်။

-နစက ကို ဖျက်သိမ်း၍ နလအ ( နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသယာရေး ကော်မရှင် ကိုဖွဲ့စည်းခဲ့ပါသည် ။

-USDP ပြည်ထောင်စုနယ်မြေဥက္ကဌ ဗဟိုအလုပ်အမှု့ဆောင်ဦးလှဆွေ နှင့်ကော်မတီဝင်များသည် နေပြည်တော်ရှိ အင်အားအများဆုံးလူတန်းစားအလွှာတစ်ခုဖြစ်သော စပါးစိုက် တောင်သူများ၏ စိုက်ဧက ၁ သိန်းအတွက် တဧကလျှင် သွင်းအားစု ၅ သိန်းဘိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၅၀ ဘီလျံ စိုက်ထုတ်ရင်းနှီးမြုပ်နှံမည့် MSG ကုမ္ပဏီ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *