KNU နဲ့PDF အကွဲအပြဲ

မြဝတီတိုက်ပွဲဟာ PDF တွေကိုရှေ့ကတင်ပြီးKNUက နောက်ကနေ ကွပ်ကဲတိုက်ပွဲဝင်ခဲ့တာဖြစ်လို့ PDF တွေသာ ရာနဲ့ချီသေဆုံးခဲ့ကြရပါတယ်။သေဆုံးသူရာချီရင်ထိခိုက်ဒဏ်ရာရသူ ထောင်ကျော်မှာဖြစ်လို့ အင်အားပြန်လည်စုစည်းဖို့ အချိန်ယူရတော့မှာဖြစ်တဲ့အတွက် အချိန်မပေးဘဲ ဆက်တိုက်ဖိအားပေးစစ်ဆင်ရမယ့်အချိန်ဖြစ်ပါတယ်။

ယခင် ဗကပ တွေလို ဝ တွေကိုသာ ရှေ့ကတင်အသေခံတိုက်ခိုင်းလို့ ဝတွေက ဗကပ ကို ပုန်ကန်သလိုပဲ လက်ရှိမြေပြင်မှာ PDFနဲ့KNUအကွဲအပြဲက ကြီးသထက်ကြီးမားလာပါတယ်။

NUG က PDF တွေကို KNUကွပ်ကဲမှုအောက်ပေးပြီးစစ်ရေးအရပူးပေါင်းဆောင်ရွက်တယ် ဆိုပေမယ့် အခုလို PDF ရာချီသေဆုံးရမှုအပေါ် KNUကို ဘာမှ ဝင်ရောက် ပြောဆိုနိုင်မှုမရှိတဲ့အတွက်လည်း NUG ဦးဆောင်မှုအခန်းကဏ္ဍ ကွယ်ပျောက်နေပါတယ်။KNUရဲ့စစ်ရေးဦးဆောင်မှုအောက်မှာ PDF ရာချီသေဆုံးရမှုဟာNUGနဲ့ဘာမှမဆိုင်သလိုလုပ်နေမှုကြောင့် PDF တွေအတွက်ပို အခံရခက်စေပါတယ်။

မြဝတီကနေဆုတ်ခွာမှုကို ဖာထေးနိုင်ဖို့ KNUပြောရေးဆိုခွင့်ရှိသူဆိုသူတွေ မီဒီယာတွေမှာ အကြောင်းအမျိုးမျိုးပြ ရှင်းနေကြပေမယ့် ရှင်းကာမှပိုရှုပ်ဆိုသလို မရောရမခိုင်မာတဲ့အကြောင်းပြချက်တွေ ဖြစ်နေတဲ့အတွက် PDF တွေရဲ့ယုံကြည်မှုကို ပြန်မရနိုင်တော့တဲ့အခြေ အနေဖြစ်ပါတယ်။

စစ်သဘောအရ တစ်နေရာမှာ ထိခိုက်သေဆုံးမှုများစွာနဲ့ ဆုတ်ခွာလာပြီး ဦးကျိုးသွားခဲ့ရင် ပြန်ဦးမော့လာဖို့မလွယ်တော့တဲ့အတွက် တပ်မတော်စစ်ကြောင်းကို သင်္ကန်းညီနောင်ကနေ ခုခံဖို့ပြင်နေတဲ့ KNU+PDF ဟာချေ မှုန်းခံရမှာသာ ဖြစ်ပါတယ်။

KNU+PDF ဆိုပေမယ့် ရှေ့ကတကယ်တိုက်ရတဲ့ အင်အားဟာ PDFသာဖြစ်လို့တိုက်ခိုက်ရေးအင်အားထောင်ချီပြုန်းတီးသွားတဲ့အပြင် KNUဦးဆောင်မှုအပေါ်ယုံကြည်မှုမရှိတော့ဘဲ စိတ်ဓာတ်ရေးရာအရ ကျဆင်းနေပြီဖြစ်တဲ့PDFတွေ နဲ့ သင်္ကန်းညီနောင်ကိုကာကွယ်ဖို့ က သိပ်မလွယ်တော့ပါဘူး။

ကော့ကရိတ်ကိုဖြတ်ကျော်လာပြီဖြစ်တဲ့ တပ်မတော်စစ်ကြောင်းကြီးကို သင်္ယန်းညီနောင်မှာမတားဆီးနိုင်ရင် မြဝတီနောက်ကျောမလုံ ဖြစ်သွားမှာဖြစ်လို့ မြဝတီကဆုတ်ခွာပြီး သင်္ကန်းညီနောင်မှာ ခုခံဖို့ ပြင်တဲ့ KNUဟာ စစ်နည်းဗျူဟာအရမှန်ပေမယ့် မြဝတီမှာအောင်မြင်မှုမပြနိုင်ဘဲဆုံးရှုံးမှုကြီးမားစွာနဲ့ ဆုတ်ခွာခဲ့ရတဲ့ PDF တွေရဲ့ယုံကြည်မှုကိုပါ ဆုံးရှုံးခဲ့ရပြီ ဖြစ်လို့ သင်္ယန်းညီနောင်တိုက်ပွဲဟာ KNU PDF ပူးပေါင်းမှုနောက်ဆုံးပွဲ အထိလည်း ဖြစ်သွားနိုင်ပါတယ်။

ရန်သူဟာ ချေမှုန်းသုတ်သင်ခံဖို့  လာစုစည်းပေးထားတယ်လို့ သဘောထားပြီး သင်္ကန်းညီနောင်တိုက်ပွဲကိုတပ်မတော်က အပြင်းထန်ဆုံးထိုးစစ်ဆင်ချေမှုန်းပစ်ရမယ့်အချိန်ဖြစ်ပါတယ်။

▪️ဒေါနမြေ🇲🇲

Leave a Reply

Your email address will not be published. Required fields are marked *