ယခုရက်ပိုင်းအတွင်း TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် (၈၄) ဦး ဥပဒေဘောင်အတွင်းသို့ဝင်ရောက်

ဇူလိုင်လ (၁၇) ရက်မှ (၂၅) ရက်အထိ (၉) ရက်အတွင်း TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် (၈၄) ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ တပ်မတော်ထံ ထပ်မံအလင်းဝင်ရောက်လာကြောင်းသိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်မှုများရှိရာ ဇူလိုင်လ (၁၇) ရက်မှ ဇူလိုင်လ (၂၄) ရက်အထိ TNLA အဖွဲ့ဝင် (၄) ဦး ၊ DPLA အဖွဲ့ဝင် (၄၁) ဦး နှင့် MDY-PDF အဖွဲ့ဝင် (၂၄) ဦး၊ စုစုပေါင်း (၆၉) ဦးတို့သည် လက်နက်မျိုးစုံ (၁၃) လက်၊ ကျည်မျိုးစုံ (၁,၅၁၅) တောင့်၊ ကျည်အိမ် (၁၂) ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့(ဇူလိုင်လ ၂၅ ရက်)ကလည်း MDY-PDF အဖွဲ့မှ အမျိုးသား (၁၄) ဦးနှင့် အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၁၅) ဦးတို့သည် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *