၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့(ဇူလိုင်လ ၂၇ ရက်) နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၀၇၈၉၈) ဦး ရှိခဲ့ပြီး အောင်မြင်သူ (၉၉၉၂၄) ဦးရှိခဲ့ကာ အောင်ချက် ၄၈ ဒသမ ဝ၆ ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ) ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ (၆၇.၈၇ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူ (၁၂၈,၈၂၀) ဦးရှိခဲ့ပြီး အောင်မြင်သူ (၇၄,၅၉၂) ဦးရှိကာ အောင်ချက် ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် အောင်ချက် ၄၈ ဒသမ ၁ ရာခိုင်နှုန်း ရရှိခဲ့ကာ ယခင်နှစ်များထက် အောင်ချက် သိသိသာသာလျှော့နည်းသွားခဲ့ကြောင်း သိရသည်။


