(၂၂-၇-၂၀၂၅ မှ ၂၅-၇-၂၀၂၅) ရက်အတွင်း လူမှုကွန်ရက်ပေါ်က NUG ဘက်တော်သား သေဆုံးမှုများ

ပုံ ၁။အကြမ်းဖက်သမား ၂ ယောက်ကတော့ ချင်းပြည်နယ်တိုက်ပွဲတစ်ခုအတွင်း သေဆုံးသွားကြောင်း သိရှိရပါတယ်။ ဒါကဖော်ပြတာပဲရှိသေးတာ လူမသိ သူမသိနဲ့ သေသွားတဲ့ လူတွေ ဘယ်လောက်တောင်များမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

-ပုံ (၂) ချင်းအကြမ်းဖက်သမားတစ်ယောက်ကတော့ အငှားဗိုက်နဲ့ ဓားထိုးခံလိုက်ရပြီး ကချင်သူပုန်တွေရဲ့ နယ်မြေလုတိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ပေးဖို့ အတင်းအကြပ်စေလွှတ် ခံရပြီး ကချင်ပြည်နယ် တစ်နေရာမှာ သေဆုံးသွားကြောင်း သိရှိရပါတယ်။

-ပုံ (၃) ထိုးကျွေးခံ အကြမ်းဖက် ဗမာ PDF ၂ ယောက်ဖြစ်တဲ့ ရဲဘော်စိုင်းနောင်နှင့် ရဲဘော် နဂါးကတော့ သောင်းကျန်းသူနယ်မြေတစ်နေရာမှာ သူပုန်တွေရဲ့ နယ်မြေလုတိုက်ပွဲအတွက် ဝင်ရောက်တိုက်ခိုက်ပေးရင်း သေဆုံးသွားကြောင်း သိရှိရပြီး အသက် ၁၉ နှစ်ဆိုတော့ စဝင်တဲ့အချိန်က အသက်မပြည့်ဘဲ အတင်းအဓမ္မခိုင်းစေခံရတယ်ဆိုတာ သိသာလှပါတယ်..-ပုံ

(၄) အလားတူပင် ထိုးကျွေးခံ အကြမ်းဖက် ဗမာ PDF ၂ ယောက်ဟာ တိုက်ပွဲတစ်နေရာမှာ သူပုန်တွေရဲ့ နယ်မြေလုတိုက်ပွဲအတွက် ဝင်ရောက်တိုက်ခိုက်ပေးရင်း သေဆုံးသွားကြောင်းသိရှိရ ပါတယ်။

-ပုံ (၅) အကြမ်းဖက် ဗမာ PDF ၁ ယောက်ဟာ အကြမ်းဖက် ပလောင်သူပုန်ရဲ့ အသုံးချခံဘဝနဲ့ တိုက်ပွဲမှာ သေဆုံးခဲ့ကြောင်း တွေ့ရှိရ။

-ပုံ (၆) ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှ အကြမ်းဖက် သမား ၂ ယောက်ဟာ ကယားပြည်နယ်တိုက်ပွဲ တစ်ခုအတွင်း သေဆုံးခဲ့ကြောင်း သိရှိရ။

-ပုံ (၇) ဇူလိုင်လ ၂၃ရက်နေ့က ပခုက္ကူမြို့နယ်အတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များရဲ့ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက အကြမ်းဖက်သမား ဆန်းလင်းကို (ခ) အလင်းသစ် သေဆုံးခဲ့ကြောင်းသိရှိရ။

-ပုံ (၈) ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် KTLA နှင့် KNLA တပ်ဖွဲ့ဝင်များ အချင်းချင်းအတေမတည့်ဖြစ်ကာ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရ။ အချင်းချင်းတောင် ငွေအတွက်နဲ့ ရန်ဖြစ်၊ သတ်ဖြစ်နေကြတဲ့ကောင်တွေက ပြည်သူအတွက် တဲ့လား။

-ပုံ (၉) မသေဘူးလို့သာပြောနေတယ်… CDF-Mindat တပ်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ (၄) နှစ်အတွင်း အကြမ်းဖက်အဖွဲက အကြမ်းဖက်သမား (၁၁၀) ကျော်တောင် သေဆုံးခဲ့ပြီဆိုပဲ… သေတဲ့သူတောင် ဒီလောက်များနေရင် ထိခိုက်ဒဏ်ရာရရှိတဲ့သူက ဒီထက်ပိုများမှာ ကျိန်းသေတယ်…-ပုံ

(၁၀) ဇူလိုင် ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုလက်ယာဟာ မတရား ငွေကြေးကောက်ခံမှု၊ အချင်းချင်း အဝေမတည့်မှု များကြောင့် လုပ်ကြံခံခဲ့ရကြောင်း သိရှိရ။

-Social Media ပေါ်တွင် ၎င်းတိုကိုယ်တိုင်ဖော်ပြထားသည့် အချက်အလက်များအရ ၂၂-၇-၂၀၂၅ ရက်နေ့မှ ၂၅-၇-၂၀၂၅ ရက်နေ့အထိ အကြမ်းဖက်သမား (၁၃) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ များလည်းရှိကြောင်းသိရှိရ။ မြေပြင်တွင် ယခုထက်မက သေဆုံး၊ ဒဏ်ရာရရှိသူများစွာရှိနိုင်တယ် ဆိုတာကတော့ အားလုံးအသိပင်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *