DPLA အဖွဲ့ဝင် ၁၉ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အမည်ခံ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာကြသည့်အလျောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၂၂ ရက်တွင်လည်း DPLA အဖွဲ့ဝင် ၁၉ ဦးတို့မှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ နီးစပ်ရာ တပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံအဖွဲ့ဝင်များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာမှုမှာ ဇူလိုင်လ ၁၇ ရက်မှ ၂၂ ရက် အထိTNLAအဖွဲ့ဝင် ၄ ဦး ၊ MDY-PDF အဖွဲ့ဝင် ၁၅ ဦးနှင့် DPLA အဖွဲ့ဝင် ၄၁ ဦး စုစုပေါင်း (၆၀) ဦးအထိ ရှိလာပြီဖြစ်သလို ၎င်းတိူ့ထံမှ လက်နက်မျိုးစုံ ၁၃ လက်နှင့် ကျည်မျိုးစုံ ၁၅၁၅ တောင့် ကျည်အိမ် ၁၂ ခုတို့ကိုလည်း လက်ခံရရှိထားသည်။

ထပ်မံ၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရသဖြင့် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *