ဇူလိုင်လ ၂၂ ရက် မနက်ပိုင်းအချိန်က ချောင်းဦးမြို့နယ်၊ ဘူတာရွာသစ်တွင် အကြမ်းက် PDF များ ဆက်ကြေးလာကောက်မှာဖြစ်ကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သွားရောက်စောင့်ဆိုင်းနေစဉ် တောလမ်းအတိုင်း ချီတက်လာတဲ့ အကြမ်းဖက် PDF ၁၀ ဦးအား တွေ့ရှိ၍ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရန်သူမှာ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF ၅ လောင်း
(၂) လုပ်သေနတ် ၂ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ကျည်ကာ ၁ ထည်
(၅) ဖုန်း ၂ လုံး
(၆) အိုင်ကွန် ၁ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။


