နိုင်ငံတကာထူးခြားသတင်းများ
-ထရန့် က အစိုးရ ထောက်ပံ့မှု့သာမရှိက အထုတ်ဆွဲ၍ တောင်အာဖရိကသို့ ပြန်ရလိမ့်မည်ဟုပြောပြီးနောက် အီလွန်မတ် သည် ပါတီထောင်မည်ဟု ပြောလိုက်သည်။
-ယူကရိန်းသို့ ပို့မည့် လက်နက်များ ကန် ဆိုင်းငံ့လိုက်သည် ။
-ဂျပန်တောင်ပိုင်း နန်ကိုင် ဒေသကိုဗဟိုပြု၍ အနှစ် ၃၀ အတွင်း အင်အားပြင်းငလျင်လှုပ်နိုင်ကြောင်း၊ ထိုသို့လှုပ်ခဲ့လျှင် လူ ၃ သိန်းသေ၍ ဒေါ်လာ ၂ ထရီလီယံ ဆုံးရှုံးနိုင်ကြောင်း ပညာရှင်များကသုံးသပ်ပြီးနောက် ခိုလှုံရာများတည်ဆောက်ခြင်းနှင့်လက်ရှိအဆောက်အဦများ အားဖြည့်ခြင်းတို့လုပ်ဆောင်မည်ဟုဆိုသည်။
ပြည်တွင်း ထူးခြားသတင်းများ
-လှိုင်သာယာမြို့မရဲစခန်းမှည ၇း၃၀ အချိန်ရောက်မှ ပြင်ပဆေးခန်းလိုက်ပြပေးသော PDF ထောက်ပို့ တရားခံ ဇွန်ပွင့်လှိုင် ကို လိုက်ပို့သည့် ဒုရဲအုပ် ခင်မောင်ထွေး ၊ ဇနီး ဒုရဲအုပ် ဆွေဇင်မျိုး တို့ ဆေးခန်းပြပြီး တရားခံနှင့်အတူ အိုးရှင်းစင်တာ၌ စျေးဝယ်ကြသေးကြောင်း ၊ အိုးရှင်း ကားပါကင်၌ အသင့်စောင့်နေသော တရားခံ၏ယောင်္ကျား PDF ချစ်ဇင်လင်းပါ ၅ ဦးက ပစ္စတိုဖြင့်ပစ်ခတ်ကယ်ထုတ်၍တရားခံလွတ်သွား ၊ ဒုရဲအုပ် ကျား သေ ၊ မ ဒဏ်ရာရ ၊ ထွက်ပြေးတရားခံများအား သံလျင် ဘုရားကုန်း စစ်ဆေးရေးဂိတ်၌ ပစ္စတို ၂ လက် ၊ ၎င်းကျည်များ ၊ လက်ပစ်ဗုံး ၆ လုံးနှင့်မိသည်။
-ညောင်ဦးမြို့နယ်အတွင်း ထကြွသောင်းကျန်းနေသော PDF အသေ ၁၀ လောင်း ၊ သေနတ် ၁၂ လက်ရရှိထားပြီး ဆက်ရှင်းနေသည်။
-အမရပူရတွင် အလုပ်ရမည်ဆိုကာလိမ်ခေါ်ပြီး PDF ထဲထည့်၍ မလုပ်ခြင်သောကြောင့် ထွက်ပြေးလာသူ ရဲလင်းထွန်း(၁၉ နှစ်) နှင့် စိုးလေးမောင်( ၁၆ နှစ်) တို့သက်ဆိုင်ရာက စောင့်ရှောက်ထားသည် ။
-ရခိုင်ပြည်နယ်၌ AA လက်အောက်မနေခြင်၍ တောတောင်ကိုခြေလျင်ဖြတ် ထွက်ပြေးလာသူ ၅၀ ဦး ၊ ပြည် နဝဒေး စစ်ဆေးရေးဂိတ်ရောက်လာသည် ၊ ၎င်းတို့သည် တောင်ကုတ်မြို့နယ် လက်ပန်ကျွန်း နှင့် သက်ကယ်ကျွန်းရွာများမှဟု ဆိုသည်။
-ရန်ကုန်မှတာချီလိတ် သို့ပြေးဆွဲသည့် အဲသံလွင် လေကြောင်းလိုင်းမှ ၂ ပေ ပါတ်လည်ခန့်ရှိ လေယာဥ် အပေါ်ပိုင်း ကိုယ်ထည်အကာတစ်ချပ် ပျံသန်းနေစဥ် ဟောင်းနွမ်းဆွေးမြေ့ပြုတ်ထွက်ရာ ကောင်းမွန်စွာဆင်းသက်နိုင်ခဲ့ပြီး ပြန်ဖာထေးရန်စီစဥ်နေသည်။
-ရေးမြို့နယ် အာယုတောင်ရှိ မိမိစခန်းကိုလာတိုက်သော ရေးဘီလူး အဖွဲ့ ၂ လောင်းကျန်ခဲ့ပြီးထွက်ပြေးသွားသည်။
ထိုင်းရောက်မြန်မာများ ဆန္ဒပြပွဲမလိုက်ကြရန် NUG က ပိတ်ပင်ထားသည်။
-မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးလျှက် ဂုဏ်ပြုချီးမြှင့်ခဲ့ရာ စောမြရာဇာလင်းအပါအဝင် ဝဏ္ဏကျော်ထင် ၃ ဦး ၊ အသတ်ခံရသူ လီလီနိုင်ကျော်ပါ ရဲဗလ ၆၅ ဦး ၊ စီမံထူးချွန် ဒု ၂ ၊ တ ၁၅ ၊ ရဲကျော်စွာ ၂ ၊ လူမှု့ထူးချွန် ပ ၉ ၊ ဒု ၄ ၊ တ ၄၄ ၊ လယ်ယာထူးချွန် ၁ ၊ စီးပွားထူးချွန် ၄ ၊ အနုပညာထူးချွန် ဒေါ် ဆွေဇင်ထိုက် ၁ ၊ စာပေထူးချွန် ၁ တို့ချီးမြှင့်ခဲ့ပါသည် ။
