ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းအချိန်တွင် နောင်ချိုမြို့နယ်၊ နောင်လင်ရွာနှင့် နောင်အောင်ရွာအနီးရှိ ပွိုင့်-၁၁၂၁ စခန်းကုန်းတို့အား တပ်မတော်မှ အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးရန်သူ့နောက်သို့ ထပ်ကြပ်လိုက်လံ ချေမှုန်းလျက်ရှိရာ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA ၁ လောင်း
(၂) လက်ပစ်ဗုံး ၄ လုံး
(၃) ကျည် ၃၀၀ ခန့်
(၄) မိုင်း ၄ လုံး
(၅) ပစ်ကျင်း ၂၄ ကျင်း
(၆) မြေစိုက်ဘန်ကာ ၆ လုံးတို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။ သတင်းဆက်အား ဆက်လက်ဖော်ပြပါမည်။-တောင်ခမ်းမှသည် နောင်ချိုဆီသို့








