ယခုနောက်ပိုင်း လူမှုကွန်ရက်များတွင် တောတွင်းရောက် အမျိုးသမီး PDF တွေအပေါ်လက်နက်ကိုင်အဖွဲ့တွေက လိင်အမြတ်ထုတ်တဲ့ ဖြစ်စဉ်တွေ မကြာခဏတွေ့မြင်လာရေတာ ကာလတစ်ခုအထိရှိနေပါပြီ။
အခုလည်း ကရင်ပြည်နယ်လက်နက်ကိုင်နယ်မြေအတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ဂျန်ဒါတရားမျှတရေးအဖွဲ့က လိင်အမြတ်ထုတ်ခြင်းကိစ္စတွေကိုအရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
စစ်တပ်ကိုတွန်းလှန်မယ်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကိုရွေးခဲ့ကြတဲ့ အမျိုးသမီး pdf တွေအခုတော့ EAOs တွေရဲ့ အသုံးတော်ခံဘဝတွေ ဖြစ်သွားကြတာပဲ အဖတ်တင်သွားတယ်။
သူတို့တော်လှန်ရေးကလည်း ဒီအတိုင်းဆို အောင်ဖို့ရှိတာဆိုလို့ မျိုးအောင်ဖို့ပဲ ရှိတော့တယ်။

