အကြမ်းဖက်ကတော့ အကြမ်းဖက်လိုပဲ ဖြေရှင်းကြတာပါ

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်းသောင်းကျန်းနေသည့် အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂါလီတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေလျက်ရှိခြင်းကြောင့် ဘင်္ဂါလီအဖွဲ့စည်းနှင့်အခြားအဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့မှ ကြေငြာချက်ထုတ်ပြန်ပြီးခဲ့ပါတယ်။

ဒီလိုကြေငြာချက်ထုတ်ပြန်ခဲ့ပြီး နောက်မှာတော့ အကြမ်းဖက်ခေါင်းဆောင် ထွန်းမြန်နိုင်အနေနဲ့ NUG/အမေရိကန်အပါအဝင် အဖွဲ့အစည်းများကို ကြောင်သူတော် ဆိုပြီး ၎င်း၏ကွန်ယက်မှာ ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။

အခုတော့နောက်ဆုံးအခြေအနေနဲ့ သူတို့ကို အရေးယူဖို့တောင်းဆိုခဲ့သည့် အဖွဲ့တွေကို သတ်ဖြတ်မယ်လို့ပါ ခြိမ်းခြောက်လာခဲ့ပါတယ်။ အရင်ကတည်းက အကြမ်းဖက်လာတဲ့သူတွေကတော့ အကြမ်းဖက်လိုပဲ တွေးတော လုပ်ဆောင်ကြမှာပါပဲ…