PDF ခြိမ်းခြောက်မှုတွေ အဖြစ်များနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဇွန်လ (၁၈) ရက်နေ့ မနက်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပြီး ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါညောင်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ PDF တွေရဲ့ခြိမ်းခြောက်မှုတွေကြောင့် ပြန်လည်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေမယ့် ကျောင်းသား၊ ကျောင်းသူကိုးဦးတို့ဟာ စာမေးပွဲမဖြေရဲတော့လို့ နေရပ်ပြန်ကြရတယ်လို့ သိရပါတယ်။


