ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းအချိန်က ရွှေကျင်မြို့နယ်အတွင်း နယ်မြေလှုပ်ရှားစစ်ကြောင်းနှင့် အကြမ်းဖက် KNLA တမဟ(၃) ရင်း (၇)မှ ၁၅ ဦးတို့ဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့ရာ ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ပြောက်ကျားဝတ် အလောင်း ၁ လောင်း
(၂) အကြမ်းဖက် အရပ်ဝတ် အလောင်း ၁ လောင်း
(၃) ပစ္စတို ၁ လက်
(၄) ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။



