ဇွန်လ ၁၅ ရက် နေ့လည်ပိုင်းအချိန်က တောင်ငူမြို့နယ်၊ ဆိတ်မြောင်ရွာမှာ အကြမ်းဖက် PDF များ မီးလာရှို့နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ နယ်မြေခံစစ်ကြောင်းမှ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF ၆၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့ရာ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် PDF ၈ လောင်း
(၂) M-16 သေနတ် ၁ လက်
(၃) လုပ်သေနတ် ၃ လက်
(၄) ကျည်အိမ် ၆ ခု၊ ကျည်မျိုးစုံ ၁၁၅ တောင့်
(၅) ၆၀ ဗုံးသီး ၅ လုံး
(၆) မိုင်းမျိုးစုံ ၅ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။








