ဇွန် ၁၇ အင်္ဂါနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-နှစ် ၂၅၀ ပြည့် အမေရိကန်တပ်မတော်နေ့အဖြစ် အနှစ် ၃၀ ကြာမလုပ်ဘဲထားခဲ့သော စစ်ရေးပြအခန်းအနားကို ထရန့်၏ ၇၉ နှစ်မြောက်မွေးနေ့နှင့်တိုက်ဆိုင်စွာ ကျင်းပခဲ့သည် ။

-ဗြိတိန်တွင် ၁၁၆ နှစ်အတွင်း ပထမဆုံးအမျိုးသမီးအကြီးအကဲအဖြစ် မစ္စစ် ဝယ်လီ ကို MI – 6 ၌ ခန့်အပ်ခဲ့သည် ၊ ၎င်းသည် ၁၉၉၉ ခုနှစ်မှစတင်အလုပ်ဝင်ခဲ့သူဖြစ်သည် ။

-မာလီနိုင်ငံတွင် ၂၀၂၀ ကအာဏာသိမ်းပြီး ၂၀၂၄ ၌ ရွေးကောက်ပွဲလုပ်ပေးမည်ဆိုခဲ့သော ဗိုလ်ချုပ်ကြီး မက်ဂွီတာအား အသွင်ကူးပြောင်းရေးကာလလိုအပ်ချက်အရ နောက်ထပ် ၅ နှစ်သက်တမ်းတိုးဥပဒေမူကြမ်းထုတ်ပြန်လိုက်သည်။

-ဟောင်ကောင်မှ ဒေလီသွားမည့် AI – 315 လေယာဥ် စက်ချို့ယွင်း၍ ပြန်လှည့်သည် ။

-အီရန် ဒုံးကျည် အစ္စရေးထိ၍ ၁၃ ယောက်သေသည် ၊ အစ္စရေး ဗုံးထပ်ကြဲ၍ အီရန်ဗိုလ်ချုပ် ၂ ဦးနှင့် အနုမြူပညာရှင် ၂ ဦးထပ်သေသည်။

-သီးခြားလက်နက်ကိုင်အဖွဲ့များ၏မဆင်မခြင်ခုတ်မှု့ကြောင့် တစ်နှစ်အတွင်းမြန်မာ့သစ်တော ဧက ၇၁၀၀၀၀ ပြောင်ခဲ့သည်ဟု Global forest watch အဖွဲ့ကပြောသည်။

-မဏိပူရပြည်နယ်တွင် အာသံရိုင်ဖယ်တပ်က မောင်းပြန်ရိုင်ဖယ် မျိုးစုံ ၃၂၈ လက် မော်တာ ၊ လက်ပစ်ဗုံး ၊ မိုင်း နှင့် ခဲယမ်း အများအပြား ဖမ်းမိသည်။

ပြည်တွင်းထူးခြားသတင်းများ

-ကန်ဒေါင့်ရဲစခန်းတိုက်ပွဲ၌အကျအဆုံများနေ၍ စစ်ကူပေးရန်သွားသော PLA သူပုန်အဖွဲ့ကို NUG/PDF သူပုန် က မြစ်ကူးခွင့်မပေးဟုဆိုသည်။

-ကလေး ၁၀ ဦးထက်မနည်းအား ပြန်ပေးဆွဲငွေတောင်းပြီး ကလေး ၃ ဦးအားသတ်ဖြတ်ခဲ့သူ ဗိုက်ကြီးသည်အယောင်ဆောင်လင်မယားအား ပြည်သူလူထုအကူညီဖြင့် တိုက်ကြီးတွင် ဖမ်းမိသည် ။

-ကျောက်မဲနယ် ကူးဆွန် တောင်ရှိ ရှမ်းသူပုန် စခန်းအား ဖယ်ခိုင်းရာမှ တိုက်ပွဲဖြစ်ပွားရာ ပလောင်သူပုန် ၃ ဦးသေသည်။

-ကျောက်ဖြူ တွင် ရခိုင်သူပုန်နှင့် တိုက်ပွဲဆက်လက်ပြင်းထန်နေသည် ။

-ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း ၁၂ တန်း စာမေးပွဲ ၊ စာရင်းရှိ ၆၃၆၇၃ ၊ ဖြေ ၆၂၈၂၄ ၊ ပျက်ကွက် ၈၄၉ ရှိကြောင်းသိရှိရပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *