မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများ ပြန်လည်တွေ့ရှိလာပြီး ယင်းထဲတွင် တာချီလိတ်မြို့မှ ၁၃ ဦးပါဝင်ကြောင်း မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန – Myanmar CDC က ယမန်နေ့ ဇွန်လ ၁၀ရက်တွင် ထုတ်ပြန်သည်။
ဇွန်လ ၁ရက်မှ ဇွန်လ ၈ရက် တစ်ပတ်တာအတွင်း စစ်ဆေးမှုများအရ –
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁ဦး ရှိပြီး ယင်းထဲမှ ၁၃ဦးမှာ တာချီလိတ်မြို့မှ ဖြစ်ကြောင်း၊ ကျန်သူများမှာ ရန်ကုန်တိုင်းမှ ၁၅ဦး၊ စစ်ကိုင်တိုင်း၊ ကျွန်းလှမှ တစ်ဦး၊ ကရင်ပြည်နယ်၊ ဘားအံမှ တစ်ဦး၊ မွန်ပြည်နယ်ကျိုက်ထိုမှ တစ်ဦးတို့ဖြစ်ကြောင်း Myanmar CDC က ထုတ်ပြန်ထားသည်။
