နိုင်ငံတကာထူးခြားသတင်းများ
-အမေရိကန်သည်မြန်မာအပါအဝင် နိုင်ငံ ၁၂ ခုမှပြည်ဝင်ခွင့်ဗီဇာများ ပိတ်ပင်လိုက်သည် ။
-အင်အားကြီး ရုရှားနှင့်ပဋိပက္ခ တိုးလာနိုင်ခြင်းနှင့် ယူရိုငွေကြေးတစ်မျိုးတည်းကိုသာသုံးရမည့်ကိစ္စကြောင့် ဥရောပသမဂ္ဂသို့ဝင်ရောက်ခဲ့ခြင်းကို ဆန္ဒပြနေသော ထောင်နှင့်ချီသည့် ဘူဂေးရီးယားပြည်သူများသည် ပါလီမန်အဆောက်အဦထဲချိုးဖျက်ဝင်ရောက်ရန်ကြိုးစားခဲ့၍ ရဲကနှိမ်နင်းခဲ့ရသည်။
-၁၉၆၀ ခုနှစ် က မြောက်ပိုင်းတွင် စတင်ကျင့်သုံးပြီး ၁၉၈၀ မှစတင်၍ တနိုင်ငံလုံးပြဌာန်းခဲ့သော တအိမ်ထောင် ကလေး ၂ ဦးသာယူခွင့် ဥပဒေကို ကလေးမွေးနှုံးကျဆင်းနေသောကြောင့် ဗီယက်နမ်အစိုးရက ပါယ်ဖျက်လိုက်သည် ။
-ဂါဇာတွင် ယာယီတဲ ၂ လုံးဖြင့်စာသင်နေသောကျောင်းအား အစ္စရေးဗုံးကြဲရာ ကလေး ၁၂ ဦးသေသည်။
-မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁၂၂၂ ဦးဖမ်းမိသည် ။
-မဲဆောက်တွင် ဧရာဝတီအမှတ် ၃ တပ်ရင်းအမည်ဖြင့် အလှူခံနေသောကိစ္စ မိမိတို့မသိဟု ၎င်းအဖွဲ့ကဆိုသည် ။
ပြည်တွင်းထူးခြားသတင်းများ
-သံအမတ်ကြီး ဦးချိုထွန်းအောင်အပါအဝင် လူ ၄ ဦးကိုသတ်ဖြတ်ခဲ့သော ဂိုးဒင်းဗယ်လီဝါရီယာအဖွဲ့ နှင့် ဆက်စပ်တရာခံ ၁၃ ဦးကို လက်နက်နှင့်အတူ ဖမ်းမိပြီး ၁ ဦးလွတ်နေသည် ။
-အမ်း – ပဒါန် လမ်းပေါ်ရှိ နတ်ရေကန်စခန်းကြီးရှေ့ကာကင်းဖြစ်သော တာဝါတိုင်စခန်း မိမိတပ်မှ တိုက်ခိုက် သိမ်းယူခဲ့ပြီး AA သူပုန်များဆုတ်ခွာသည်။
-နောင်ချိုစစ်ရေးအခြေအနေစိတ်ပူရန်မလိုကြောင်း ပလောင်သူပုန်မ လွေးယေဦး က ပြောဆိုပြီး သူပုန်တို့ ထွက်ပြေးရန် ကားပေါ်ပစ္စည်တင် အသင့်ပြင်ထားကြောင်း ဒေသခံများက သတင်းပို့သည် ။
-ဘားအံတွင် လိုင်စင်မဲ့ကားအားလုံးကိုဖမ်းရာ၌ BGF နှင့် DKBA ကားများကို မဖမ်းသောကြောင့် ဝေဘန်ခံနေရသည်။
-နိုင်ငံအနှံ့လိုင်စင်မဲ့ကားဖမ်းနေ၍ လိုင်စင်ရှိ ဆိုင်ကယ် ယ္ခင် သိန်း ၄၀ မှ သိန်း ၈၀ သို့၎င်း ၊ လိုင်စင်ရှိ သိန်း ၆၀၀ တန်ကား သိန်း တစ်ထောင်ကျော်သို့၎င်း စျေး ၂ ဆတက်နေသည် ။
-စလင်းမြို့ပေါ်၌စာသင်နေသော အထက ၁ နှင့် ၂ ကျောင်းများအတွင်း PDF များဝင်ရောက်လာပြီး ကျောင်းသားများကို နှင်ထုတ်ခဲ့၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည် ။
