ဇွန် ၅ ရက် ကြာသပတေးမနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-တောင်ကိုးရီးယားကြားဖြတ်ရွေးကောက်ပွဲတွင်အတိုက်အခံ လစ်ဘရယ်ဒီမိုကရက် ပါတီမှ လီဂျယ်မြောင် သည် မဲ ၄၉.၄၂%ဖြင့်အနိုင်ရခဲ့သည် ၊ ၎င်းသည် တောင်ကိုးရီးယားတွင် NUG အဖွဲ့အားလက်ခံတွေ့ဆုံခဲ့သူဖြစ်သည်။

-ဂါဇာ ၌ ရိက္ခာဝေနေသောလူအုပ်ထဲသို့ အစ္စရေးထပ်မံပစ်ခတ်ရာ ၂၇ ဦးသေသည်။

-ရုရှားနှင့် ခရိုင်းမီးယား ကို ဆက်သွယ်ထားသောတံတားကြီးကို ယူကရိန်းက ရေအောက်ဖောက်ခွဲတိုက်ခိုက်ခဲ့၍ ပျက်ဆီးသွားသည်။

-သမ္မတအာဆတ်ကိုဖြုတ်ချရာ၌ပါဝင်တိုက်ခိုက်ခဲ့သော တရုပ်ဝီဂါမူဆလင် ၃၅၀၀ ပါဝင်သည့် သူပုန်တပ်ဖွဲ့အား ဆီးရီးယားတပ်မတော်တွင် အမှတ် ၈၄ တပ်ခွဲအဖြစ်လက်ခံခဲ့ခြင်းကို သဘောတူကြောင်း အမေရိကန်အထူးသံ သောမတ်ဘာရက် က ပြောသည်။

-ထိုင်းကာကွယ်ရေးဝန်ကြီးဌာနသည် M-4 ကာဘိုင်တပ်ဆင်ပစ်ခတ်နိုင်သော ကင်းလှည့်ဒရုန်းကိုစမ်းသပ်အောင်မြင်ခဲ့၍ ကမ္ဘောဒီးယားနယ်စပ်၌ သုံးမည်ဆိုသည်။

ပြည်တွင်းထူးခြားသတင်းများ

-ကလေးမြို့မှ ချင်းတောင်တက်လာသောမိမိစစ်ကြောင်း သိုင်းငင်းလမ်းဆုံအနီးရှိ မွှာပီးရွာ အထိရောက်လာသည်။

-ကြို့ပင်ကောက် နှင့် ဇီးကုန်းအရှေ့ခြမ်း ပိတောက်မြိုင်ရွာတွင် PDF နှင့်တိုက်ပွဲဖြစ်နေသည်။

-၁၂ တန်းအောင်စာရင်းထုတ်ပြန်ပေးမည်ဆိုခြင်းမှာ ကောလဟလ ဖြစ်ကြောင်း စာစစ်ဦးစီးရုံးက ထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *