မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်ရှိလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေလ ၃၁ ရက်မှစတင်ကာ ဧရာဝတီ မြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ တစ်သောင်းကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဇွန်လ ၂ ရက်က ထုတ်ပြန်တဲ့စာရင်းများအရ သိရပါတယ်။

ဒါကြောင့် ရေဘေးသင့်အိမ်ထောင်စု ၂,၂၅၇ စုမှ လူဦးရေ ၁၀,၃၇၅ ဦးကို မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်းများတွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်း ၃၀ ခုအထိဖွင့်လှစ်၍ ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိပါတယ်။

အဆိုပါရေဘေးသင့်သူများကို တာဝန်ရှိသူများက ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူးများ၊ ဆန်ပြုတ်ဘူးများနှင့် ရေသန့်ဘူးများကိုပေးအပ်ခဲ့ကြောင်း သိရပြီး ရေဘေးကယ်ဆယ်ရေးစုရပ် နေရာသစ်အဖြစ်ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များပါဝင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များစုဖွဲ့ဆောင်ရွက်ထားရှိမှု၊ မြစ်ရေကြီးမြင့်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *