နိုင်ငံတကာထူးခြားသတင်းများ
-မဟာဗျူဟာဗုံးကြဲလေယာဥ်ကြီးများရပ်နားထားသော လေတပ်အခြေစိုက်စခန်း ၅ ခု အနီးအထိ ကွန်တိန်နာကားများဖြင့် ၁၈ လကြာ ချဥ်းကပ်ခဲ့ပြီးနောက် ယူကရိန်းက ဒရုန်း ၁၁၇ စီးဖြင့်တိုက်ခိုက်ရာ ရုရှားဗုံးကြဲလေယာဥ်ကြီး ၄၁ စီးပျက်စီးမှု့ ဒေါ်လာ ၇ ဘီလျံဘိုးဆုံးရှုံးသွားပြီး ယဥ်မောင်းအချို့ဖမ်းမိခဲ့သည် ။
-ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ထွက်ပြေးသွားသော ဝန်ကြီးချုပ် ရှိပ်ဟာစိနာကို ဖမ်းဝရမ်းထုတ်လိုက်သည် ။
-မက္ကာသို့တရားမဝင်ဘုရားဖူးလာသူ မွတ်ဆလင် ၂၆၉၀၀၀ ကို ဆော်ဒီအစိုးရက ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ စီရိုက်ပြီး နှင်ထုတ်လိုက်သည် ။
-ထိုင်းနယ်စပ် အငြင်းပွားမှု့ကို ICJ အဆုံးအဖြတ်ခံမည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် က ပြောသည်။
-နည်းပညာမြင့် အနုမြူရေငုတ်သင်ဘော ၁၂ စီးထုတ်လုပ်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် က ပြောသည်၊ အနုမြူလက်နက်များကိုလည်း ခေတ်နှင့်အညီပြုပြင်ထိမ်းသိမ်းရန် ပေါင် ၇ ဘီလျံ သုံးမည်ဆိုသည် ။
ပြည်တွင်းထူးခြားသတင်းများ
-ကျောင်းအပ်လက်ခံ၍ဟုဆိုကာ နတ်မောက်မြို့နယ်ဝက်ချုပ်ရွာ အသက် ၆၁ နှစ်အရွယ် အလယ်တန်းပြဆရာမကြီး နှင့် ခင်ပွန်းဖြစ်သူတို့ကို PDF က သတ်သွားသည် ။
-လားရှိုး ဟန်နားရွာ SSPP နှင့် ကိုးကန့်သူပုန် တိုက်ပွဲ ၂ ကြိမ်ဖြစ်ရာ ကိုးကန့်သူပုန် ၈ ဦး ရှမ်းသူပုန် ၆ ဦးသေသည်။
-ထားဝယ် ရွှေဂူတောင်ဂိတ်စခန်း PDF ဝင်ပစ်ရာ အနီးရှိ စော်ဝကျေးရွာ သစ်ဆိမ့်ပင်ကျောင်းထိုင်ဆရာတော် ပျံလွန်သွားသည်။
-မိတ္ထီလာ ကျောက်ပန်းတောင်းကားလမ်း Elite Express တိမ်းမှောက်ရာ ၆ ဦးသေ ၁၁ ဦးဒဏ်ရာရသည်။
