ဇွန်လ ၁ ရက်၊ မွန်းလွဲပိုင်းအချိန်တွင် ညောင်ဦးမြို့နယ်၊ ပုဂံမြိုသစ်၊ ဂင်္ဂါရပ်ကွက်ဓမ္မာရုံတွင် (၁၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းပွဲအတွက် ရပ်မိရပ်ဖ(၁၅)ယောက် အစည်းဝေးပြုလုပ်နေစဉ် ညောင်ဦးအခြေစိုက် NUG လက်အောက်ခံ အကြမ်းဖက် PDF ရက်ရက်စက်စက်သတ်ဖြတ်သွားသည့်အတွက် ပြည်သူ ၇ ဦး သေဆုံးပြီး ၆ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
-ထို့အပြင် အကြမ်းဖက် PDF များဟာ ပဌာန်းပွဲကျင်းပမည့် အလှူငွေများကိုလည်း ဓါးပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။
-သေဆုံးသူများမှာ အသက် ၄၂ မှ ၈၅ နှစ်အတွင်းရှိ သက်ကြီးရွယ်အိုးများဖြစ်ပါတယ်။
-ငါနဲ့မတူ.. ငါ့ရန်သူ လိုသဘောထားတဲ့ အကြမ်းဖက်များအား ထိရောက်စွာချေမှုန်းရမည်။








