နိုင်ငံတကာထူးခြားသတင်းများ
-ရုရှား၏ငြိမ်းချမ်းရေးအဆိုပြုမူကြမ်း ယူကရိန်းကိုပေးအပ်မည်ဟုဆိုသည် ။
-ဟူသီ သူပုန်လက်အောက် ယီမင်နိုင်ငံ ဆာနားမြို့တော်နိုင်ငံတကာလေဆိပ်ရှိ ယီမင်နီးယား လေကြောင်းပိုင် နောက်ဆုံးလက်ကျန်လေယာဥ် အစ္စရေးဗုံးကြဲဖျက်ဆီးခဲ့သည် ။
-ထိုင်း – ကမ္ဘောဒီးယား အငြင်းပွားနယ်စပ် မိနစ်အနည်းငယ်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ရာ ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးသည် ။
-အစိုးရစွမ်းရည်မြင့်တင်ရေးအဖွဲ့ DOGE မှ တရားဝင်နုတ်ထွက်ကြောင်း အီလွန်မတ်က ကြေငြာသည် ။
-မြန်မာနိုင်ငံတည်ငြိမ်မှု့အားနည်း၍ သူပုန်များထုတ်လုပ်သော မက်အင်ဖက်တမင်း ၂၃၆ တန်အထိ အရှေ့တောင်အာရှ၌ စံချိန်တင်ဖမ်းမိခဲ့ကြောင်း UN က ထုတ်ပြန်သည်။
ပြည်တွင်းထူးခြားသတင်းများ
-မြန်မာအစိုးရက AA နှင့်ဆက်ဆံခြင်းကို ကန့်ကွက်ကြောင်း စာပို့ပြီးနောက် ရန်ကုန်ရှိ ဘင်္ဂလားဒက် သံအမတ်ကြီး မိုနိုဝါဟူစိန် နှင့် စစ်သံမှုး ဗိုလ်မှုးချုပ် အက်ဒက်ဟူစိန် တို့ကို ၎င်းတို့ကြားဖြတ်အစိုးရကပြန်ခေါ်လိုက်သည် ။
-နွားထိုးကြီးမြို့သိမ်းတိုက်ပွဲဆင်နွဲရန်ဟုဆိုကာ PDF ၆၀၀ ခန့် စုဝေးရောက်ရှိနေသည်။
-လှိုင်သာယာ အနောက်ခြမ်းတွင် မိန်းမတစ်ဦးက ၃ နှစ်အရွယ်မိန်းခလေးကို ရေနှစ်သတ်ပြီး နားရွက်ဖြတ်၍ နားကပ် ယူသွားခြင်း၊မော်လမြိုင် ကော့စိန် ရွာတွင် ၁၃ နှစ်အရွယ်မိန်းခလေးအား အဓမ္မကျင့်သတ်ဖြတ်၍ ဆွဲကြိုးဖြုတ်ယူခဲ့ခြင်းတို့ဖြစ်ပွားခဲ့သည် ။
-ဘင်္ဂလားပင်လယ်ရှိမုန်တိုင်းငယ်သည် အဝါရောင်အဆင့်ရှိပြီး ဘင်္ဂလားဒက်ကမ်းခြေကိုဦးတည်နေသည်၊ ၎င်းအရှိန်ကြောင့် ပြည်တွင်း၌ နေရာကွက်၍ မိုးကြီးနိုင် သည်။
