ခရီးသည်တင် EXPRESS ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၅ ဦးထံမှမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ခရီးသည်တင် EXPRESS ယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသည် ၅ ဦးထံမှ ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မေလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၄၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် YUTONG အမျိုးအစား ခရီးသည်တင် EXPRESS ယာဉ်ပေါ်ပါ ခရီးသည် မနန်းအေးဟွမ်၊ မနန်းရွှေပွင့်(ခ)မခမ်းမော်၊ မမိုးပွင့်ဖြူ(ခ)ယွန်းယွန်း၊ မနန်းအေးအီနှင့် စိုင်းအိုက်ရွှေအောင်တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၅၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မနန်းအေးဟွမ်(၃၇)နှစ်၊ မနန်းရွှေပွင့်(ခ)မခမ်းမော်(၄၅)နှစ်၊ မမိုးပွင့်ဖြူ (ခ)ယွန်းယွန်း(၃၃)နှစ်၊ မနန်းအေးအီ(၄၁)နှစ်နှင့် စိုင်းအိုက်ရွှေအောင်(၄၅)နှစ်တို့အား သာစည်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *