မေ ၂၃ ရက် သောကြာနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-မူးယစ်ရာဇာ ၉၇ ဦးအား ဖမ်းဝရမ်းထုတ်၍ အမ်မရမ်ကီတာ အမည်ရှိ ဒေသတွင်း အကြီးဆုံးမာဖီးယားဂိုဏ်းကြီးကို အီတလီရဲ များက နှိမ်နင်းလျက်ရှိကြောင်း သိရသည် ။

-စပိန်နိုင်ငံ မဒရစ်မြို့တွင် ဇလမ်းစကီးအစိုးရက အလိုရှိနေသူ ယူကရိန်းပြည်ပြေး အန်ဒရီယာပေါ့နော့ လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

-ဝါရှင်တန်ရှိ ဂျူးပြတိုက်တစ်ခု၏အခန်းအနားမှပြန်လာသော အစ္စရေးသံဝန်ထမ်းစုံတွဲ ၂ ဦးပစ်ခတ်ခံရ၍သေဆုံးပြီး တရားခံအား ဖမ်းဆီးရမိသည်။

-ကာတာအစိုးရက ဒေါ်လာသန်း ၄၀၀ တန် ဘိုအင်း 747-8 အမျိုးအစား ဇိမ်ခံလေယာဥ်ကြီးတစ်စင်းကို ကန်အစိုးရအားလက်ဆောင်ပေးခဲ့ရာ အဲဖို့စ်ဝမ်း အဖြစ်သုံးမည်ဟု ထရန့်ကပြောပြီး အတိုက်အခံဒီမိုကရက်များက ပြင်ဆင်ခွင့်ဘတ်ဂျက်ချမပေးရန် အဆိုတင်မည်ဟု ဆိုသည်။

-မေ ၁၂ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် အသက် ၄၆ နှစ်အရွယ် ဖိလစ်ပိုင်လက်ဝှေ့သမား မင်နီပါတ်ကွီယိုသည် လက်ဝှေ့ပြန်ထိုးမည်ဟု ကြေငြာလိုက်ပြီး ဇူလိုင်လ၌ ဝယ်သာဝိတ်တန်းပွဲတစ်ခု လက်ခံခဲ့သည်။

ပြည်တွင်းထူးခြားသတင်းများ

-မရမ်းကုန်းရှိ နေအိမ်တွင် သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်ကိုလုပ်ကြံခဲ့သူများမှာ မိမိတို့ဖြစ်ကြောင်း ဂိုးဒင်းဗယ်လီ ဝါရီယာ အဖွဲ့ကပြောသည်။

-CDF မင်းတပ် အဖွဲ့က အသက်မပြည့်သေးသူ ကလေးသူငယ်များကို အတင်းအဓမ္မလူသစ်စုဆောင်းနေ၍ ပြည်သူများ တောင်ယာတဲများသို့ တိမ်းရှောင်ပုန်းအောင်းနေကြရသည် ။

adidas ဖိနပ်များထုတ်လုပ်သော ချန်းရီ စက်ရုံမှ နေ့တွက်ခ ၅၈၀၀ိ မှ ၁၂၀၀၀ိ အထိ တိုးပေးခဲ့၍ အလုပ်သမား ၆၀၀၀ ကျော် အလုပ်ပြန်ဆင်းသည် ။

-တောင်သာ ရုန်းစဥ်လေး NUG ယာယီအခြေပြုရုံးခန်း စက်တပ်လေထီး ၅ စီးဖြင့်တိုက်ခိုက်ခံရ၍ ၎င်းတို့ထိခိုက်သေဆုံးမှု့များခဲ့သည် ။

Leave a Reply

Your email address will not be published. Required fields are marked *