နိုင်ငံတကာထူးခြားသတင်းများ
-ယခင်ကအကြမ်းဖက်သမားဟုကြေငြာခံထားရသူ ဆီးရီးယားယာယီသမ္မတ အာမက်ဆယ်ရာအာနှင့် ထရန့် ဆော်ဒီတွင်တွေ့ဆုံပြီးနောက် အာဆတ် လက်ထက် ပိတ်ဆို့ထားမှု့များကို ရုပ်သိမ်းပေးမည်ဟုဆိုသည်။
-ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရသည် ရှိပ်ဟာစိနာ ၏ အဝါမီလိဒ် ပါတီအား ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်သည်။
-ဖိလစ်ပိုင်ကြားဖြတ်ရွေးကောက်ပွဲတွင် ICC ၌ အဖမ်းခံထားရသော သမ္မတဟောင်းဒူတာတေး ဇာတိမြို့ ဒါဘာအိုစီးတီး၌ မြို့တော်ဝန်အဖြစ်အရွေးခံရသည်၊ ထို့ပြင် လက်ရှိသမ္မတမားကို့စ်၏ ပါတီသည် လစ်လပ်နေရာအရပ်ရပ်၌ မျှော်မှန်းထားသည်ထက်ရှုံးနိမ့်ခဲ့သည်၊လာမည့်အထွေထွေရွေးကောက်ပွဲ၌ ပထမနေရာမှ ဆာရာဒူတာတေး ၊ ဒုတိယနေရာ၌ ဘန်အကွီနို တို့ ရှိနေပြီး မားကိုစ် မှာ တတိယ နေရာသာ ရေပန်းစားနေသည်၊ သို့သော် ဆာရာမှာ စွတ်စွဲပြစ်တင်ခံနေရပြီး နိုင်ငံရေးလုပ်ခွင့်အပိတ်ခံရရန် နီးစပ်လျှက်ရှိသည်။
-တရုတ် – ကန် ရက် ၉၀ ကုန်သွယ်ရေးယာယီသဘောတူညီချက်အရ ကန်က တရုတ်သွင်းကုန်များကို ၁၄၅% မှ ၃၀% သို့၎င်း ၊ တရုတ်က ၁၂၅ % မှ ၁၀% သို့၎င်း ဖြေလျှော့လိုက်၍ စတော့ရှယ်ယာစျေးများ နှင့် ဒေါ်လာစျေး ပြန်တက်ပြီး ကမ္ဘာ့ရွှေစျေး ကျသွားသည်။
-Apple က ကမ္ဘာ့အပါးလွှာဆုံး အိုင်ဖုံး 17 Air ထုတ်တော့မည်ဟုကြေငြာပြီးနောက် ဆမ်ဆောင်း က ၅.၈ မီလီမီတာသာအထူရှိသော ဂလပ်ဆီ S 25 Edge ဖုန်းအသစ်ကို ၁၀၉၉ ဒေါ်လာ ဖြင့် ဦးစွာထုတ်ရောင်းလိုက်သည်၊ ကမ္ဘာ့စမတ်ဖုံးစျေးကွက်တွင် ဆမ်ဆောင်းက ၂၀%ဖြင့်ပထမ ၊ အိုင်ဖုန်းက ဒုတိယ လိုက်နေသည်။
ပြည်တွင်းထူးခြားသတင်းများ
-ပလောင်သူပုန်များ သိမ်းပိုက်မြို့များကိုစွန့်ခွာပြီး မူလနယ်မြေပြန်ရန် UWSA က ဖိအားပေးနေကြောင်း သတင်းထွက်ပေါ်သည်။
-မြင်းခြံဇာတိ ၂၁ နှစ်အရွယ် ဂျပန်သင်တန်းတက်နေသော ရွှေပြည်သာ ၃ ထပ် အဆောင်နေအမျိုးသမီးငယ် ညအချိန် ရေဆင်းချိုးစဥ် လူငယ် ၃ ဦးက မေ့ဆေးဖြင့်အုပ်ခေါ်ယူပြီး မုဒိမ်းကျင့် ၊ ပစ္စည်းယူ ၊ လူသတ် ၊ ၃ ပိုင်းဖြတ်စွန့်ပစ်မှု့ ကျူးလွန်သူ ၂ ဦးဖမ်းမိ ၁ ဦးလွတ်မြောက်ဆဲ ဖြစ်သည် ။
-နှစ်စဥ်ကျင်းပသည့် ကျိုက်ထီးရိုးဗုဒ္ဓပူဇနိယပွဲသို့ ယ္ခုနှစ်ဘုရားဖူး ၁၁၄၁၃၆၇ ဦးလာခဲ့ပြီး မနှစ်က ၇ သိန်းသာလာခဲ့သဖြင့် တိုးတက်စည်ကားခဲ့ကြောင်း ဂေါပက က ထုတ်ပြန်သည်။
-PPP ပါတီသည် ၎င်းတို့၏မူဝါဒ နှင့်သတ်မှတ်အရည်အချင်းကိုက်ညီက မည်သူမဆို မိမိတို့ပါတီဝင်ပြီး လွှတ်တော်ရွေးကောက်ပွဲဝင်နိုင်ကြောင်း ဖိတ်ခေါ်လိုက်သည်။
