ပြုံယမ်း၊ မေ ၁၄ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မေ ၁၃ ရက်က မြောက်ကိုရီးယား ပြည်သူ့တပ်မတော် မြို့တော်ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၆၀ လေ့ကျင့်ရေးစခန်းတွင် အထူးတပ်ဖွဲ့၏ စစ်ရေးနည်းဗျူဟာ ဘက်စုံလေ့ကျင့်မှုများ၊ တင့်ကားတပ်ဖွဲ့၏ ခုခံယှဉ်ပြိုင်မှုနှင့် ပစ်ခတ်ရေး ဟန်ချက်ညီစွာ စစ်ဆင်ရေးနမူနာလေ့ကျင့်နေမှုများအား ကြည့်ရှုခဲ့ကြောင်း KCNA သတင်းဌာန၏ မေ ၁၄ ရက် သတင်းများအရ သိရသည်။မြောက်ကိုရီးယားစစ်တပ်အတွင်း သိပ္ပံနည်းကျ တိုက်ခိုက်ရေး လေ့ကျင့်မှုစနစ် တည်ဆောက်ပြီး လေ့ကျင့်ရေးဌာနများ၏ လက်တွေ့ပြောင်းလဲမှုနှင့် တပ်ဖွဲ့အဆင့်ဆင့်၏ တိုက်ရည်ခိုက်ရည် အားဖြည့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားရန် ကင်ဂျုံအန်းက ညွှန်ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
တိုက်ရည်ခိုက်ရည်တွန်းအားပေးဆောင်ရွက်သွားရန် ကင်ဂျုံအန်း ညွှန်ကြား
