ရွှေပြည်သာတွင် လူသတ်အလောင်းဖျောက်ခဲ့သည်ဆိုသူ ၂ ဦးဖမ်းဆီးရမိပြီး ၁ ဦးလွတ်မြောက်နေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် အဆောင်နေအမျိုးသမီးအား သ တ်ဖြတ်ကာ အလောင်း ဖျောက်ဖျက်မှုကျူးလွန်ခဲ့သည်ဆိုသူသုံးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ နှင်းဆီအဆောင်တွင်နေထိုင်သူ အသက် ၂၁ နှစ်အရွယ် မသီရိနွယ်သည် မေလ ၈ ရက်နေ့မှစ၍ အဆောင်သို့ပြန်မလာဘဲ ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ထိုသို့ ပျောက်ဆုံးနေသည့်အတွက်  မေလ ၁၁ ရက်တွင် ရွှေပြည်သာမြို့မရဲစခန်း၌ လူပျောက်တိုင်ကြား ခဲ့ပြီး စစ်ဆေးချက်များအရ ၎င်းကို တဆောင်တည်းနေအမျိုးသားတဦးနှင့်အပေါင်းအပါနှစ်ဦးက သ တ် ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည် ဆိုသည်။

“ကောင်မလေးက ဂျပန်သွားဖို့ သင်တန်းလာတက်တာ၊ မြင်းခြံဇာတိလို့ သိရတယ်။ အဆောင်ကိုပြန်မလာ ဘဲပျောက်နေလို့ လူပျောက်တိုင်လိုက်မှ အသ တ်ခံရမှန်းသိတာ။ သ တ်တဲ့သူတွေထဲမှာသူနဲ့ တဆောင် တည်းအတူနေတဲ့သူပါတယ်။ ဖုန်းနဲ့လက်စွပ်ကိုလုရင်း သ တ်လိုက်တာလို့ ရဲစခန်းမှာ ထွက်ဆိုထားတယ်” ဟု သိရသည်။

အမျိုးသမီးငယ်အား သ တ်ဖြတ်မှုကျူးလွန်သူများသည် တဆောင်တည်းနေထိုင်သူ အသက် ၂၂ နှစ်အရွယ် သူရလင်း၊ ၎င်း၏ သူငယ်ချင်းများဖြစ်သူ အသက် ၁၄ နှစ်အရွယ် အောင်မြင့်မြတ်နှင့် ကျော်ဇင်မောင်ဆို သူတို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့သုံးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိပြီး ကျော်ဇင်မောင်ကို ဖမ်းဆီးရမိရန် ဆက်လက်လုပ်ဆောင်နေသည်။

ဖြစ်စဉ်မှာ မသီရိနွယ်ပျောက်ဆုံးနေသဖြင့် အဆောင်မှူးနှင့် အဆောင်နေသူများအားစစ်ဆေးရာ တဆောင်တည်းနေထိုင်သူ သူရလင်းနှင့် အမျိုးသားတဦးသည် မေလ ၈ ရက် ညနေက  လေးလံသည့်အရာ၀တ္တု ထည့်ထားသည့် ဆာလာအိတ် အား သယ်ဆောင်သွားသည်ကိုမြင်ရကြောင်း ထွက်ဆိုခဲ့ကြသည်။

သူရလင်းကို ဆက်လက်စစ်ဆေးရာ ၎င်းနှင့် သူငယ်ချင်းဖြစ်သူ ကျော်ဇင်မောင်တို့သည် တဆောင်တည်းနေထိုင်သူ မသီရိနွယ်ထံမှ ဖုန်းနှင့်လက်စွပ် လုယူရန်ကြိုးစားစဉ် ရုန်းကန်သည့်အတွက် ပါးစပ်ပိတ်ကာ လည်ပင်းညှစ်သ တ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးသည် သေဆုံးသူမသီရီနွယ်၏အလောင်းကို ဆာလာအိတ်ဖြင့်ထည့်ပြီး ဖျောက် ဖျက်ရန်အတွက် သုံးဘီးဆိုင်ကယ်ငှားကာ ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက်ရှိ ကိုင်းတောသို့ သွားရောက် ခဲ့ကြောင်း ဆိုသည်။

ထိုသို့သွားရောက်စဉ် ကျော်ဇင်မောင်သည် ၎င်း၏နေအိမ်ရှေ့အရောက်၌ အင်္ကျီလဲရန်ကျန်ခဲ့သည့်အတွက် အနီးနားတွင်တွေ့ရှိရသည့် ခင်မင်ရင်းနှီးသူ အောင်မြင့်မြတ်ကိုခေါ်ဆောင်ကာ ဆက်လက် ထွက်ခွာခဲ့ သည်။

ကိုင်းတောသို့ ရောက်ရှိချိန်တွင် ကျော်ဇင်မောင်ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့သုံးဦးသည် ဆာလာ  အိတ်ဖြင့်ထည့်ထားသည့် မသီရိနွယ်၏ ရုပ်အလောင်းကို ကိုင်းတောအတွင်းသို့ ဖျောက်ဖျက်ခဲ့ကြောင်း ထွက်ဆိုသည်။

ထွက်ဆိုချက်အရ မေလ ၁၂ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုင်းတောအတွင်းသွားရောက်စစ်ဆေးရာ ပုပ်ပွနေသည့် မသီရိနွယ်၏ ရုပ်အလောင်းကို  တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ သတ်တဲ့ကောင်လေးတွေက ငယ်ငယ်လေးတွေပဲရှိသေးတယ်။ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေလို့   သိရတယ်။ ကောင်မလေးရဲ့အလောင်းကိုတော့ မနေ့က နေ့လည်ပိုင်းမှာ သင်္ဂြိုဟ်လိုက်ပါပြီ” ဟု နီးစပ်သူက ပြောသည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *