ကျောက်မီးသွေးဖြင့် အသုံးပြုရသည့် ရှေးဟောင်း ရေနွေး ငွေ့စက်ခေါင်း မီးရထားကို ကလော-ရွှေညောင် ရထားလမ်းပိုင်း၌ ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းရထားလမ်းပိုင်းသည် မိုင် (၇၀) ခန့်ရှိပြီး ခရီးစဉ်သည် အချိန် (၃) နာရီကြာမြင့်မည်ဖြစ်ကာ ကျောက်မီးသွေး တန်ချိန် (၃) တန်ခွဲ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကလောဘူတာရှိ ရေနွေးငွေ့ စက်ခေါင်းသုံး ရှေးဟောင်းမီးရထားကို အတွင်းပိုင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မီးရထားအမြင် တင့်တယ်စေရန်အတွက် ဆေးသုတ်ခြင်းများ ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်သည်။
ထို့ပြင် ရထားပြန်လည်ပြေးဆွဲရန်အတွက် ကလောချောင်း ရေထိန်းနံရံများ တည်ဆောက်ခြင်း၊ ဘူတာရှေ့ရှိ သစ်ပင်သစ်ငုတ်များ ဖယ်ရှားရှင်းလင်းခြင်းနှင့် ဘူတာရှေ့နေရာ၌ ကတ္တရာလမ်းခင်းခြင်းစသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
crd….
