နိုင်ငံတကာထူးခြားသတင်းများ
-နိုင်ငံရေးအကြပ်အတည်းဖြစ်နေသော ယီမင်နိုင်ငံတွင် ဝန်ကြီးချုပ် မူဘာရက် နုတ်ထွက်ခဲ့သည် ။
-မော်စကိုရှိ ရုရှားလေဆိပ် ၄ ခု နှင့် လျှပ်စစ်ထရန်စဖော်မာများ ယူကရိန်း ဒရုန်း ၂၆ စင်းဖြင့်တိုက်ခိုက်ခဲ့သည် ၊ လုံခြုံရေးအခြေအနေအရ ရင်ပြင်နီချီတက်ပွဲကိုရုရှားဖျက်သိမ်းကြောင်း သတင်းထွက်ပေါ်သည်။
-ဆူဒန်တွင် တပ်မတော် နှင့် အရန်တပ်ဖွဲ့တို့ စစ်ဖြစ်နေပြီး ဆိပ်ကမ်း၌ဒုံးကျည်ထိမှန်ပေါက်ကွဲခဲ့ကာ RSF အရန်တပ်ဖွဲ့လက်ချက်ဖြစ်သည်ဟုဆိုသည်။
-ပါကစ္စတန်သည် ဒုတိယအကြိမ် မစ်ဇိုင်းစမ်းသပ်ပစ်လွှတ်သည် ။
-အရန်တပ်သား သိန်းချီ ခေါ်ယူခဲ့ပြီးနောက် ဂါဇာကို အပြီးတိုင်သိမ်းပြီး ပါလက်စတိုင်း ၂.၁ သန်းကို နှင်ထုတ်မည့်အစီအစဥ် အစ္စရေးလွှတ်တော်အတည်ပြုသည် ။
-ကမ္ဘာ့စနူကာ ချန်ပီယံ ၇ ကြိမ် ဖြစ်ဘူးသူ ဆူလေဗန် ၊ ၃ ကြိမ် ချံပီယံ မာ့ဝီလျံ တို့ကိုကျော်ဖြတ်ပြီး တရုတ်နိုင်ငံသား ဂျောင်ရှင်းတောင်(၂၈နှစ်) ဗိုလ်စွဲ၍ ဆုကြေးပေါင် ၅ သိန်းစွတ်ခူးသည် ။
ပြည်တွင်းထူးခြားသတင်းများ
-AA သူပုန်အကြံပေး ရခိုင်နိုင်ငံရေးသမား ဦးလှစော ( ၇၂ နှစ်) ကွယ်လွန်ခြင်းသည် လေကြောင်းတိုက်ခိုက်မှု့ကြောင့်မဟုတ်ဘဲ လည်ချောင်းကင်ဆာဟု ပြောသည် ။
-BGFစောချစ်သူ နှင့် သား နှစ်ယောက်ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့သည် ။
-မော်လမြိုင်ရထားလမ်းပိုင်း နှင်းပုလဲ ဘူတာအနီး တံတားတစင်း KNU/PDF မိုင်းခွဲဖျက်ဆီးခဲ့သည် ။
-ငလျင်ကြောင့်ပြိုကျခဲ့သော စကိုင်းဗီလာ မှ ကျား ၁ ၊ မ ၁ ၊ခလေး ၁ ၊ အလောင်းများထပ်မံ ဖော်ထုတ်ရရှိပြီး ရွှေ ၁၀ သားတုံး ၁၀ တုံးအပါအဝင် ငွေထုတ်များ ဒေါ်လာများ အများအပြားကို မူလပိုင်ရှင်၏ မောင်ဖြစ်သူထံ ကယ်ဆယ်ရေးအဖွဲ့များကအပ်နှံခဲ့သည် ။
